အိုးဝေ
Tuesday, February 19, 2013
တွေးမိသမျှ(သို.) ကျွန်တော်၏အိပ်ယာဝင်ပုံပြင် (၁)
ဟိုတစ်လောက facebookပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ခွေးကလေးနှင့်အနှိုင်းခံရသောသတင်း ဟိုးကလေးတစ်ကြော်ကြော်ဖြစ်သွားခဲ့သည်မှာစာဖတ်သူမိတ်ဆွေများသိပြီးသားဖြစ်ပေလိမ်.မည်။ ကြိုက်သူလည်းရှိမည် ၊ မကြိုက်သူလည်းရှိမည်။ ဒါကသဘာဝပင်ဖြစ်၏ ။ ထိုကာလမတိုင်ခင်ကလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးလှည်.လည်တရားဟောခဲ့သော ဥူးသုမင်္ဂလ တရားတော်များတွင် မြန်မာပြည်ကမြို. ဘယ်မြို.ရောက်ရောက် မြို.၀င်ဆိုင်းဘုတ်ရှေ.တွင် “ ဒီမြို.မှနေထိုင်ကြသူမြို.သူမြို.သားများစားသောက်သော အစားအစာ (ထမင်း) တို.သည်သန်.ရှင်းစင်ကြယ်(သမ္မာအာဇီဝကျကျရှာဖွေခြင်း) စွာစားသောက်နိုင်ပါစေ” ဟုဆရာတော်မိန်.ကြားခဲ့သည်မှာလည်း စာဖတ်သောမိတ်ဆွေများသိပြီးဖြစ်ပေလိမ်.မည်။ တခြားဆရာတော် တွေမိန်.မှာဖူးတာတွေလည်းများစွာရှိပါသည်။ ဒီလောက်နိုင်ငံကျော်ပဂ္ဂိုလ်ကြီးတွေ ၊ သူတော်ကောင်းပညာရှိတွေ ၊ ခိုင်းနှိုင်းပြောဆို နေကြသည်မှာ ကျွန်တော်တို.နိုင်ငံ ပြည်သူ(ကျွန်တော်တို.အပါအ၀င်) တွေ၏ကိုယ်ကျင့်တရားအဆင့်အတန်းနှိမ်.ကျနေသည်မှာထင်ရှားလှပေသည်။ ကျွန်တော်ဒီကိစ္စနှင့်ပတ်သက်ပြီး စာရေးမည်ဟုစဉ်းစားတိုင်း ကျွန်တော်ငယ်ငယ်က အိပ်ယာဝင်ပုံပြင်အဖြစ် နားထောင်ခဲ့ရသော ကျွန်တော်၏ဖခင်ဘ၀(၀န်ထမ်းလုပ်စဉ်ကာလများ)မှတွေ.ကြုံရသောအဖြစ်အပျက်များ ကိုမိတ်ဆွေများကို ပြောပြချင်စိတ်ဖြစ်လာမိသည်။ ထိုအဖြစ်ပျက်များထဲမှတစ်ခုကို အခုဆောင်းပါးအဖြစ်ဖေါ်ပြ လိုက်ရပါသည်။ (ဒီဆောင်းပါးမှာ တကယ်.ဖြစ်ရပ်မှန်ဖြစ်ကြောင်းအာမခံပါသည်။ကျွန်တော်ကိုယ်တိုင်နားထောင်စဉ်ကသိပ်မယုံကြည်ခဲ့၊ နောက်မှကျွန်တော်၏ဖခင်(မုသားမပြောတတ်သောကိုယ်ကျင့်တရား)အကျင့်စရိုက်ကိုယုံကြည်သောကြောင့် တာဝန်ခံရေးသားလိုက်ရပါသည်။) ၁၉၈၀ ကျော်နှစ်များ(မြန်မာပြည်) မဆလ(မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လက်ထက် ၊ ကျွန်တော်၏ဖခင်မှာ မကွေးမြို.မြူနီစပယ်(ယခု စည်ပင်သာယာ)ရုံးမှမြို.တွင်းကြီးကြပ်တစ်ဦးဖြစ်ပါသည်။ အဖေအလုပ်ရှုပ်သောနေ.တစ်နေ.ကိုရင်ဆိုင်ရ သည်။ထိုနေ.က မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ(ဗဟို)မှလူကြီးများ မကွေးမြို.မဈေးကြီးသို.လာရောက်စစ် ဆေးမည်ဟု သတင်းရထားသောကြောင့်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရသည်။ ထူးခြားဆုံးက မြို.နယ်မြူနီစပယ်လူကြီး(ယခုခေတ်ဆိုလျှင် စည်ပင်ဦးစီး) က မကွေးမြို.မဈေး၏ရှေ.တွင်တောင်းစားနေသူများကို လူကြီးလာလျှင်မမြင်ရအောင်ရှင်းထားရမည်ဆိုသော အမိန်.ပင်ဖြစ်သည်။ အဖေမှာ ထိုတာဝန်ကိုကြေပွန်အောင်ထမ်းဆောင်နိုင်ရန် မြို.မဈေးအနီး သူတောင်းစား များညအိပ်နေထိုင်ရာ ဆားစည်.ကျောင်း(အလက-၁မကွေး) ၀န်းအတွင်းသို.သွားရသည်။ သူတောင်းစားခေါင်းဆောင်ဆိုသူနှင်.ညှိရသည်။ လူကြီးလာသောနေ.“ ထိုနေ.မတောင်းပဲနား နေရမည်ဆိုလျှင် ထိုနေ.တွက်ခဘယ်သူပေးမလဲဟု ”သူတောင်းစားခေါင်းဆောင်ကပြန်လည်ချေပပြောဆိုသည်။ အဖေက အချိန်မဆွဲ“ မင်းတို.ဘယ်နှစ်ယောက်ရှိလဲ တစ်နေ.တောင်းရင်ဘယ်လောက်ရလဲပြော ငါပေးမယ်” “မင်းတို.သာကတိတည်တည်နဲ. အဲဒီနေ.လူကြီးလာရင် မြို.မဈေးပတ်ဝန်းကျင်မှာမင်းတို.တောင်းစားတဲ့လူတွေ မမြင်ရစေနဲ. မင်းကခေါင်းဆောင်ဆိုအဲဒါကိုမင်းတာဝန်ယူရမယ်” ဟုပြတ်ပြတ်ပြောလိုက်သည်။ သူတောင်းစားခေါင်းဆောင်ကလည်း သူတို.ဘ၀ပေးကုသိုလ်ကံမကောင်းသောကြောင့်သာတောင်းစားနေရ သော်လည်း ကတိတည်ကြောင်းပြန်လည်ပြောဆိုပါသည်။ အဖေလည်း မိမိအိပ်ကပ်ထဲတွင်ပါလာသောငွေစက္ကူ တစ်ချို.ကိုရေတွက်ပြီး ပေးကာဘယ်နေ.ဘယ်ရက်တွင်မြို.မဈေးရှေ.လာမတောင်းရန်မှာကြားခဲ.သည်။ လူကြီးလာသောရက်(မဆလပါတီ(ဗဟို)လူကြီးများ) လာသောကြောင့်ဈေးအတွင်းတွင်လုံခြုံရေး ၀န်ထမ်းများ ဈေးသူဈေးသားများပြာယာခတ်နေသည်။ကျွန်တော်၏အဖေမှာ သင့်သောနေရာတွင်နေရသော် လည်း သူတောင်းစားများကတိမတည်ပဲရောက်လာပြီးတောင်းရမ်းစားလျှင်ဒုက္ခ ဟုတထိတ်ထိတ် နှင့်တွေးနေ မိသည်။ ထိုနေ.ကလူကြီးများမြို.မဈေးကြီးအတွင်းပြင်စစ်ဆေးပြီး ပြန်သွားသည်အထိ သူတောင်းစားတစ်ဦး တစ်ယောက်မျှ မမြင်ရပေ။ တစ်ခြားမကွေးမြို.၏မည်သည်.နေရာတွင်မျှ တောင်းမစားကြပဲ ဆားစည်.ကျောင်းဝန်းအတွင်းတွင်သာနေကြသည်။ သူတို.နေ.တွက်ခရပြီးဖြစ်သည်။ ပေးထားသောကတိကို သူတောင်းစားပင်တည်သောကာလဖြစ်ပေသည်။ ပညာဖြင့်လောကကိုအလှဆင်နိုင်ပါစေ မင်းသစ်တည်(အိုးဝေ) ၁၇ . ၂ . ၂၀၁၃
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment