အိုးဝေ
Thursday, January 17, 2013
"ငါ့ကို စည်းရုံးနေလို့ အပိုပဲ"
ဇွန် ၂၁ ရက်နေ့က ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက် ဖြစ်ပါတယ် - ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမ ကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ၊ ငါဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ။ သူ အပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလား လို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တခေါက် ပြန်လာပါသေးတယ်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment