အိုးဝေ
Thursday, June 20, 2013
ဂလိုဘယ်လိုကယ်အားပြိုင်မှုထဲကမြန်မာပြည်
ုThink globally act locally ဆိုသောစာတမ်းကပျော်လွန်းလို.ပညာရှင်တွေရေးခဲ့တာမဟုတ်ဟုယူဆပါသည်။ယခုမြန်မာပြည်နိုင်ငံရေးလောကတွင်နာမည်ကြီးစာရေးဆရာ ပြည်သူ.အချစ်တော်ပြည်သူ.ခေါင်းဆောင်တွေလက်ရှိအာဏာရပါတီမှဥပဒေပြုနိုင်ပြဌာန်းနိုင်သောအမတ်တွေပင် ဒီစာတမ်းနှင့်ကိုက့်ညီမညီစမ်းစစ်ဖို.လိုမည်ထင်ပါသည်။ကမ္ဘာလုံးချီအမြင်ကျယ်စေဖို.က အင်တာနက်မှအချိန်နဲ.အမျှတက်နေသောသတင်းများဖတ်ရှူ.လေ့လာရန်မခဲယဉ်းပေမယ့် ဒေသဆိုင်ရာလိုအပ်သောကိစ္စများပြုမူဆောင်ရွက်မှုအပိုင်းတွင် ယခင်ပြည်သူ.အချစ်တော်အတိုက်ခံခေါင်းဆောင်များမှအစ ဘောင်းဘီချွတ်ပါတီခေါင်းဆောင်ပိုင်းနိုင်ငံ့ခေါင်းဆောင်ကြီးတွေပါ များစွာအားနည်းမှု လျော့ရဲပေါ့ပျက်စွာဆောင်ရွက်မှုများအတွက်ဝေဖန်ခံရမှုများကို မီဒီယာတွင်နေ.စဉ်တွေ.နေရသည်။လူ၏သဘာဝများကိုနားလည်မှုစိတ်ခံစားမှုကိုယ်ချင်းစာတရားမဲ.စွာပြောဆိုဆက်ဆံအနိုင်ကျင့်ခဲ.သည်.ယခင်အာဏာ၇ှင်ဟောင်းသဘာဝများကျန်ရှိနေမှုများသဖြင့် ၀န်ကြီးများ၏စကားပြောသင်တန်းကျောင်းဖွင့်ပေးရန်သရော်ကာဖေ့ဘုတ်လိုလူမှုကွန်ရက်နက်ဝပ်များတွင်ကောမက်များစွာတွေ.ရပေသည်။ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ကမ္မဌာန်းတရားပေးမှားသောရဟန္တာမထေရ်ကြီးများကိုဆုံးမထားသောတရားတော်များကိုဗုဒ္ဓစာပေများတွင်ဖတ်ရှု.လေ့လာရသဖြင့်ပုထုဇဉ်လူသားအာဏာရ၀န်ထမ်းများ၏အမှား ဆိုတာကမပြောပလောက်သည်ဟုဆိုနိုင်သော်လည်း လူ.သဘာဝကိုနားမလည်ပဲ အောက်ခြေအခြေခံလူတန်းစားများ၏အခက်ခဲအကျပ်တည်းများကိုကိုယ်ချင်းစာတရားမဲ.ပြောဆိုမှုတွေကျူးလွန်သူများမှာဝန်ကြီးလွှတ်တော်အမတ်များဟုဖြစ်လာလျှင်တိုင်းပြည်အတွက်များစွာနစ်နာလှသလို မဲထည်.ခဲ.သောပြည်သူတွေကိုယ်တိုင်အဆိပ်ပင်ရေလောင်းသူများဘ၀သို.ရောက်သွားသလိုခံစားကြရပေမည်။
Sunday, May 12, 2013
ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
မော်လမြိုင်သူ သိန်းလဲ့နွယ်(သို့) ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်း(သို့)ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုစိတ် နဲ့ အကောက်ကြံ သူ
ထောက်လှမ်းရေးခေတ် ...
တပ်မမှူး အမိန့် နဲ့ မြ၀တီ ကနေ ကောာ့ကရိတ် ဆင်းလာတဲ့ ကားကို ညီနောင် ဂိတ် မှာ ထောက်လှမ်းရေး အရာခံဗိုလ် အမိန့်နဲ့ ပြန်လှည့်ခိုင်းတဲ့ ခေတ် ..၊ ထောက်လှမ်းရေး တွေ သြဇာ အရှိန်အ၀ါ အကြီးဆုံး ခေတ် ..
မြ၀တီ နယ်စပ်ကုန်သွယ်ရေး ..အကျိုးအမြတ် ကောင်းတဲ့ ခေတ် (ကား ၂ ခါ ဆင်း ရင် ၁ စီး ပြန်ဝယ် လို့ရတဲ့ခေတ်)..
အဲဒီခေတ်မှာ ဒုတ်ပြီး ၊ ဒါးပြီး ၊ကျည်ပြီး ၊ အဘ တွေကို ပြီး လည်း ...ထောက် ကို မပြီးဘူး ...
Proxy အကျော် ကောင်း တဲ့ လူတွေလည်း ...ထောက် ကို ကျော် လို့ မရဘူး ..
ဒါပေမဲ့ ..ထောက် ကို ကျော်လို့ ရ တဲ့ စီးပွါးရေး သမား တစ်ဖွဲ့ ပေါ်လာတယ် ၊ သူတို့ဟာ ..သိုင်း လောက သားတွေ လိုဘဲ သို သို သိပ်သိပ် နဲ့လှုပ်ရှား ကြလို့ နယ်မြေခံ တွေ သိပ်မသိ ကြဘူး ။ တပည့် လက်သားတွေလောက်ဘဲ ရှေ့ ထွက်ပြီး ဂိုဏ်းချုပ် ဆရာမကြီး ကတော့ နောက်ကွယ် ကနေ ဘဲ ကြိုးကိုင် ခဲ့ တယ်.....အဲဒါ ထောက်လှမ်းရေး ခေတ် ...
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ ဦးအောင်ဆန်းဦးကို စည်းရုံး နိုင်ခဲ့တဲ့ ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်း တစ်ယောက် ရရှိမဲ့ အကျိုး အမြတ်တွေ ကို တွေးပြီး .. လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ပြီး လေထဲမြောက် အောင်ပွဲ ခံ ခဲ့ တယ်.. အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ .....
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ....
------------------------------------------------------------------------------------------
ပြသနာအရင်းခံက
ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြီးကို သူ့ဇနီးမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ ယောက်ကျားပေါင်းများ စွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စ ကပ်ကထဲက...မကျေနပ်လို့သဘော မတူလို့ ကန့်ကွက်နေခဲ့ရာက စတာပါ။ ပိုဆိုး တာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကြီးရဲ့  ပါတီက..ဦးနန်းနွယ် (မ.ဆ.လ ဟောင်းပါ ) ရဲ့သမိးဖြစ်နေ တော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေ ဖြစ်နေတာကအရင်းခံပါ ။
ကျနော်တင်ထားတဲ့ဝက်ဆိုဒ် ( htt://billy-mackezie.freehoastia.com/) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြီးမှာ....ခင်ညွန့် ကို NLD ကို အာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ အကြံသွားပေးသူ နိင်ငံရေးသမားကြီးနစ်ဦးရှိတယ်လို့ ကျနော်ရေးထားပြီး ...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဦးက...ဒီဦးနန်းနွယ်ပါ ။ ( ကျနော်တို့ကသူ့ကို နံမည်ပြောင်းပေးထား ပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဦးကတော့ တခြားပါတီတခုရဲ့  နာယကကြီးပါ။ ဒီလောက်ဆို.. ကျောင်း တော်က နိင်ငံရေး..ရန်စသိလောက်ပါပြီ။
အောင်ဆန်းဦးဟာ...သူအနေနဲ့ ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင် ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြီးတွေလဲ ကောင်းကောင်းသိ ပါတယ် ။ သူ့ရှေ့နေ ဟန်တိုး ( နံတိုး --လူနံကြီး..သူကိုယ်နံ့က တော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်း ကောင်းသိပါတယ် ။ ရှေ့နေခရလို့ရယ်.. အောင်တိုး ( တရားသူကြီးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေး နေတာပါ။
လဲ့လဲ့နွယ်သိန်း အဖေ နံနွယ်က ဒီအမှုအကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြီး ကန်ထရိုက်တွေ ရနေတာကမြတ်.. အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့မှာ အောင်ဆန်းဦး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြီး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ဆွပေးနေတာပါ။ ဒီအမှုကိုရှေ့နေ နံတိုး က လိုက်ပေးတယ် ။ နံနွယ်က နံတိုးနဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့ မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ် အောင်ဆန်းစုကြည်ကို သူ့နဲ့တွေ့ရင်...မကောင်းဝေဖန်တယ်။ နိင်ငံရေးသမားတွေနဲ့တွေ့ရင်..အကောင်းဝေဖန်ပါတယ်။
တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော်ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့်မိသားစုပိုင် အိမ်ခြံမြေ ( မုံရွာမြို့ ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျ နော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည် အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည်။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေး လျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်က တည်းက ကျနော်တို့ နစ်ဦးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့်လွတ်ပါကြောင်း လက်မှတ်ထိုး ပြီး လျှောက်ထားပြီးသားဖြစ်ပါသည်။ ( အောင်ဆန်းဦးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြီး)
ညီမောင်မှာ.....ယခု ချောင်းဦးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြီး..ကားနင့်ဆိုင်ကယ်တွေ ပိုင်ဆိုင်သော် လဲ....၅-သိန်းသာသွင်းရသည့်...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ။ သူ့ သမီးနစ်ယောက်နံမည် ဖြင့်ပင်လျှောက်လို့ မရပါ။
လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆို တော့.....နံနွယ်အတွက် ...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စီးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက် ခုတ်..၃-ချက်မက ပြတ်နေတာလေ။ ( ၉၀-ခုနစ်ရွေးကောက်ပွဲ မှာ...ဦးအောင်ကြီးဟာ ရွှေဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာ မှာ....၃၀၀၀-လောက် ဘဲရပြီး..... မဲရေတွက်တာ..မပြီးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြီး..မျက် ရေကျပြီး ပြေးခဲ့ရတာပါ။ ဒီအာဂါတတွေအတွက် လက်စားချေနေတာလဲ ပါပါတယ် ။
( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြီးနဲ့  နံနွယ်တို့အတွက် ဟော်တယ် ဆောက်လုပ်ခွင့် ကန်ထ ရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြီးနစ်ခု ပြူးနေအောင်ထောင်ထားတာ မှတ်မိလောက်ကြပါဦးမည် )။ မလေးရှားကုမ္မဏီ တခုနဲ့နံနွယ်တို့ကိုချပေးထား တာပါ ။ န.အ.ဖ. က ၉၀-ရွေးကောက်ပွဲ အပြီး..၁-၉၀ အမိန့်ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပါ။ နောက်တော့ မလေးကုမ္မဏီကအင်ကြီးဖြစ်နေလို့အောင်ကြီးတို့အင်ထိပြီး ... ကွဲသွားပါတယ်။
ဒီလောက်ဆို အောင်ဆန်းဦးတို့က...မြန်မာ့ဒီမိုကရေစီအရေးကို အပိုင်သတ်ခဲ့တဲ့မိသားစု ထဲရောက်နေတာမြင်လောက် ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။
ဗိုလ်ချုပ်ရဲ့  ဇူလိုင်- ၁၃ ရက်- နောက်ဆုံးမိန့်ခွန်းမှာပြောခဲ့တဲ့..... ( ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေ ရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီလတ်စားတဲ့သူတွေကို အာဏာပြန်ရ အောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့လုပ်သည်ဖြစ်.....မရိုးမသား လုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူနံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ် တာဘဲဖြစ်တယ်။ လို့မိန့်ကြားခဲ့ပါတယ်။
ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာသက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ.( အောင်ဆန်းဦးအပါ အ၀င်.)...တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။
ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။
အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။
ဒေါက်တာလှိုင်မြင့်
ဇန္နာဝါရီ ၃ ၊၂၀၁၀။
(kaowao.org)
==============================================================
ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့  မိသားစုနဲ့  ဘ၀တစ်ခုလုံးကို စွန့် လွှတ်ထားပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေချိန်မှာတော့ အောင်ဆန်းဦးဟာ မွေးဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မွေးမိခင် ဒေါ်ခင်ကြည်တို့ ရဲ့ တို့ ရဲ့  မျက်နှာကိုမှ မထောက်၊ သွေးရင်းသားရင်းဖြစ်သူ ညီမ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မငဲ့ညှာ၊ တိုင်းပြည်နဲ့  လူမျိုးမျက်နှာကိုမှ အလေးမမှု၊ အာဏာရူး တို့ နဲ့  ပေါင်းဖက်ပြီး အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ပြီး စီးပွားရေးလုပ်ရုံမက မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေသူ ဖြစ်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေခဲ့တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းအကြောင်းပြောရရင် အောင်ဆန်းဦးတို့ ရဲ့  နေအိမ်ဟာ အမေရိကန်နိုင်ငံ ဆန်ဒီဂို (San Diego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့ အောင်ဆန်းဦးတို့ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး အာဏာရူးနအဖတွေနဲ့  ဆက်ဆံရေး ပြုလုပ်ကြပါတယ်။ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်းဟာ စာရေးဆရာမ မေတ္တာဦး အမည်ခံ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့သူဖြစ်ပါတယ်။ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့  ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖကလည်း အောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ ကို အဆောက်အဦးလုပ်ပိုင်ခွင့်တွေ ပေးပြီး နိုင်ငံရေးမှာ အသုံးချတာ လုပ်နေပါတယ်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။
လဲ့လဲ့နွယ်သိန်း အကြောင်းကို သိရှိသူများက ပြောပြတာကတော့ -
လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။
သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။
သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။
သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။
၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ ၄ နှစ်ခန့်  ပေါင်းဘက်နေထိုင်ခဲ့ပါတယ်။
ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။
ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။
ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။
နောက်တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် အောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာခဲ့ပါတော့တယ်။
လဲ့လဲ့နွယ်သိန်းဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်စဉ်မှာ အကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား” လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လိုမျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။
လဲ့လဲ့နွယ်သိန်းဟာ ဗိုလ်ချူပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာသော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးအပေါ် အကြပ်ကိုင် အနိုင်ယူထားတဲ့အချက်တွေကို ခုတုံးလုပ်ပြီး အောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။
လည်ပတ်လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်းရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါတော့တယ်။
တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှစ်မများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ အောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနေအိမ်မှာ မနေနိုင်အောင် အမွေကိစ္စအဖြစ် တရားစွဲဆိုခဲ့ပြီး ဒုက္ခပေးခဲ့ခြင်းမှာ ရင်နာစရာ ကောင်းပါတယ်။
အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့  ပြောဆိုခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်းဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။
အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်တစ်ဦးရဲ့  လိုရာကြိုးဆွဲကခံနေတာဟာ အောင်ဆန်းဦးအနေနဲ့  ရှက်ဖို့  အလွန်ကောင်းပါတယ်။ အောင်ဆန်းဦးအနေနဲ့  မည်သို့ သော အကြပ်ကိုင်မှုအရဖြစ်စေ အကြောင်းပြချက်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့သင့်တာပါ။
အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်ခံနေပြီး အဖေ ဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။
အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။ ညီမရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့  အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။
ယခုကတော့ အောင်ဆန်းဦးဟာ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်မှုတွေကို ပြည်သူတွေကနေ ပေးမှာ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  အချိန်မီ ပြန်လည်အဖတ်ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။
ဒီလိုမှ မဟုတ်ဘဲ နအဖအာဏာရူးတွေနဲ့  ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့ အောင်ဆန်းဦးဟာ အမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့  သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။
ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကို ဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်းဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်နေခဲ့ပါပြီ။
ထို့ အတူ အမေရိကန်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသား ခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ က ဆန့် ကျင်နေတာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့  အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ထားတဲ့ အာဏာရူးနအဖတွေနဲ့  ပြောင်ပြောင်တင်းတင်း စီးပွားရေး ဆက်ဆံမှုတွေ တိုက်ရိုက် သွားရောက်ပြုလုပ်နေပြီး ရရှိနေတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ဟာ အမေရိကန်နိုင်ငံမှာ ပြန်လည်သုံးစွဲနေတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။
ဒီကိစ္စကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့  ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။
မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုအနေနဲ့ လည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို ရှုတ်ချကန့် ကွက်မှုတွေ၊ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ လို အမျိုးသားသစ္စာဖောက်တွေရဲ့  ယုတ်မာတဲ့လုပ်ရပ်တွေကို တားဆီးဟန့် တားမှုတွေ ပြုလုပ်သင့်ပြီး မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။
ဒီလို စူးငြောင့် ခလုပ်ကန်သင်းတွေကို မဖယ်ရှားဘဲ လစ်လျူရှုထားမယ်ဆိုရင် အဆိုပါ အမျိုးသားသစ္စာဖောက်များဟာ တဖြည်းဖြည်းနဲ့  ပိုမို အတင့်ရဲလာပြီး ပြည်သူလူထုရဲ့  အကျိုးကို နစ်နာထိခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမက အာဏာရူးနအဖတွေကို ထောက်ပံ့ပေးနေတဲ့ နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များသဇွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖျက်ဆီးနေခြင်းဟာ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  လူထုခေါင်းဆောင်ရဲ့  ဘ၀လုံခြုံမှုကို အကာအကွယ်ပေးစောင့်ရှောက်ကြရမှာဖြစ်သလို အနှောင့်အယှက်ပြုသူတွေကို ဖယ်ရှားပစ်ရမှာ အရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုက ရွံ့ မုန်းနေကြတဲ့အပြင် သံဃာတော်များကလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အာဏာရူးတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ က စပြီး သပိတ်မှောက် ကံဆောင်ထားပါတယ်။ သံဃာတော်များအနေနဲ့  အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ထံကနေ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါတယ်။
ယခုနှစ် အာဇာနည်နေ့ မှာ အခမ်းအနားမှာလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့  အာဇာနည်ဗိမာန်မှာ လွမ်းသူ့ ပန်းခွေ လာချတဲ့ ဓါတ်ပုံကို အာဏာရူးတွေရဲ့  သတင်းစာထဲမှာ ဖေါ်ပြထားတာ မြင်ရလို့  အော့နှလုံးနာမိပါတယ်။ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မိခင် ဒေါ်ခင်ကြည်တို့ သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် မွေးရကျိုးမနပ် တိုင်းပြည်နဲ့ လူမျိုးအတွက် အနှောင့်အယှက်သမားတွေလို့  ပြောကြားမှာကို မြင်ယောင်မိပါတယ်။
ဖခင် ဗိုလ်ချူပ်အောင်ဆန်း မျှော်လင့်သုံးသပ်ခဲ့တဲ့ အကြီးကောင် ငဦးကတော့ ယခုနေချိန်မှာ အာဏာရူးတွေရဲ့  အသုံးတော်ခံကြီးဖြစ်နေတာ မြင်တွေ့ ရရင်တော့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း ရင်ကျိုးပက်လက်ဖြစ်မိမှာ စိုးရိမ်မိပါရဲ့ ။ ဒါပေမယ့်လည်း ဖခင် ဗိုလ်ချူပ်အောင်ဆန်း သုံးသပ်ပြောဆိုခဲ့တဲ့ “ငါ့သမီးလေး (စု) အားလုံးထဲမှာ အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ဖြစ်မှာပါဘဲ” ဆိုသလို ကျွန်တော်တို့ ရဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်ဗိုလ်ချူပ်အောင်ဆန်း မိခင် ဒေါ်ခင်ကြည်တို့ က ဂုဏ်ယူရမယ့် သမီးကောင်းရတနာဖြစ်ရုံမက မြန်မာပြည်သူပြည်သားတိုင်းက လေးစားချစ်မြတ်နိုးတဲ့သူတစ်ဦး ဖြစ်နေပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။
(နစ်နေမန်းဘလော့ မှ)
==================================================================
"ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"
အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ်
REF= Thein Win FACEBOOK NOTES
Sunday, April 21, 2013
မင်းကိုနိုင်(ခ)ပေါ်ဦးထွန်း ၏ကိုယ်ရေးအကျဉ်း
Friday, April 12, 2013
ဥပဒေ ပြုကြရာဝယ် - ကိုကိုကြီး (ဂဂမျိုးဆက်ကျောင်းသားခေါင်းဆောင်)
ကျွန်တော်တို့နိုင်ငံမှာ တစ်လျှောက်လုံး ဥပဒေနဲ့ အမိန့်နဲ့ မကွဲပြားဘူး။ ဗလုံးဗထွေးဖြစ်နေတယ်။
စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာသိမ်းအစိုးရ လက်ထက်မှာ ဖြစ်ခဲ့တာတွေ အားလုံးကို ခေတ်တွေ စနစ်တွေ ပြောင်းပြီ ဆိုပေမယ့် တည်ဆဲဥပဒေများဆိုတဲ့ အသုံးအနှုန်းကို အမြဲတမ်းသုံးနေတယ်။
ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ဓာတ်ပုံ- ကိုကိုကြီး ဖေ့စ်ဘုတ်
အဲဒီတော့ တည်ဆဲ ဥပဒေတွေဆိုတာကို ပြန်စိစစ်တော့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ဆိုတာတွေလည်း ပါတယ်။ ညွှန်ကြားချက်တွေလည်း ပါတယ်။
တရားဥပဒေစိုးမိုးရေးလို့ ပြောရင် ဥပဒေဆို တာဘာလဲ။ ဥပဒေပြုတော့ မယ်ဆိုရင် ဘယ်လိုအခြေခံတွေ
ပေါ် မှာ မူတည်ပြီးစဉ်းစားသင့်သလဲဆိုတာတွေကို စပြီးတော့ သုံးသပ်ဖို့ လိုတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်လာတယ်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေဖြစ်လာတယ် ဆိုတော့ ဒီလွှတ်တော်တွေရဲ့ အလုပ်က အဓိက ဥပဒေပြုဖို့ပဲ။
အဲဒီတော့ ဥပဒေပြုရေး၊ ဥပဒေပြုရေးဆိုတဲ့ကိစ္စတွေကို ကျယ်ကျယ်လောင်လောင်ပြောလာကြတဲ့ အချိန်မှာ စစဉ်းစားဖို့က ဥပဒေဘယ်လိုပြုကြမလဲ။ နောက် ဥပဒေတွေဟာ မဖြစ်မနေ၊ ဥပဒေမပြုလို့ မဖြစ်တဲ့ အခြေ အနေ ရှိလို့ ဥပဒေပြုတာလား။
အဲဒါတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပိုင်း ပြဌာန်းခဲ့တဲ့ ဥပဒေတော်တော်များများကို ပြန်ကြည့် ရင် အဲဒီမတိုင်ခင်တုန်းက နိုင်ငံရေးအစိုးရ၊ ပါလီမန်ဒီမိုကရေစီအစိုးရ ခေတ်မှာ ပြုခဲ့တဲ့ ဥပဒေတွေနဲ့ အာဏာ သိမ်းပြီးတဲ့ အချိန်မှာ လူတွေရဲ့စိတ်နေ စိတ်ထား၊ တွေးခေါ်ပုံတွေက စပြီးကွဲပြားသွားတာတွေကို ကျွန်တော်တို့ သတိထားရလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ စစ်ခေါင်းဆောင်တွေ၊ အာဏာသိမ်းခေါင်းဆောင်တွေက ဥပဒေ ပြုဖို့ ပြဌာန်းတဲ့ အခါ အရင်ဆုံး လုံခြုံရေး ရှုထောင့်ကနေ သူတို့ချဉ်းကပ်လေ့ရှိတယ်။
လုံခြုံရေးလို့ ပြောရင်လည်း နိုင်ငံတော်ဆိုတဲ့ စကားလုံးကို ထပ်ကာတစ်လဲလဲသုံးတယ်။ နိုင်ငံတော် လုံခြုံရေး ဆိုပြီးတော့ အာဏာသိမ်း အစိုးရရဲ့ လုံခြုံရေးကို ထိခိုက်မယ်ထင်တဲ့ဟာတွေကို ကြိုတင် ကာကွယ်ဖို့၊ လုံခြုံရေးကို ထိခိုက်မယ်ဆိုတဲ့ ဟာတွေကို ကန့်သတ်ဖို့၊ ပိတ်ပင်ဖို့စပြီးတော့ စဉ်းစားတယ်။
အဲသလိုနဲ့ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုပြီးတော့ တည်ဆဲ အဖွဲ့အစည်းတွေ အားလုံးဖျက်သိမ်းခံခဲ့ရတယ်။ ဒါဆိုရင် ဒီဥပဒေဟာ နိုင်ငံတော် အတွက်လား၊ အာဏာ သိမ်းအစိုးရ အတွက်လား၊ နိုင်ငံတော်ရဲ့ မူဝါဒလား၊ နိုင်ငံတော်အာဏာကို သိမ်းပိုက်ထားတဲ့အစိုးရအဖွဲ့က သူ့ရဲ့အယူအဆတွေကို နိုင်ငံတော်မူဝါဒ အဖြစ် သတ်မှတ်ပြီးတာ့ ပြဌာန်းလိုက်တာလား။
အဲဒါတွေကို ကျွန်တော်တို့ ပြန်ပြီးတော့ လေ့လာရလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ စာပေစာနယ်ဇင်းလောက ဆိုရင်လည်း စာပေစိစစ်ရေးတို့၊ ပုံနှိပ်ဥပဒေတို့၊ ပုံနှိပ်ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေတို့ အစရှိသဖြင့် ပြဌာန်း တယ်။
ဆိုလိုတာက ဥပဒေတစ်ခုပြဌာန်းတော့မယ်ဆိုရင် နိုင်ငံသားတွေ ရဲ့လွတ်လပ်ခွင့်အပေါ်မှာ အခြေခံပြီး
ပြဌာန်းမှာလား၊ လုံခြုံရေးအပေါ်မှာအခြေခံပြီး ပြဌာန်းမှာလားဆိုတာ အဓိက ဒီနှစ်ချက်ကို အကူးအပြောင်း ကာလမှာ အလေးအနက်ထားပြီးစဉ်းစားဖို့လိုတယ်။
တကယ့်ကို နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်လာပြီဆိုတဲ့ အခါမှာ ဘယ်သူက ဆုံးဖြတ်ရမှာလဲ ဆိုတာ ဟာ နိုင်ငံတော်ကို အမှန်တကယ်ကိုယ်စားပြုတဲ့သူတွေကဆုံးဖြတ်ရမှာ။
ဆိုလိုတာက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုဖြစ်လာတဲ့ ကိုယ်စားလှယ်တွေက ဒါဟာနိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်ပြီလို့ ဆုံးဖြတ်တဲ့ အခြေအနေမျိုးဖြစ်ရမှာ။
အဲဒီလိုဆုံးဖြတ်ပြီးဆိုရင်တောင် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်လို့ ဥပဒေပြုတော့ မယ်ဆိုရင်တောင် မှ နိုင်ငံသားလွတ်လပ်ခွင့်ကို အခြေခံပြီးစဉ်းစားတဲ့အခါမှာ အဲဒီပြဌာန်းလိုက်မယ့်ဥပဒေ၊ ပေါ်ပေါက်လာမယ့် ဥပဒေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် သတိ ထားပြီး
တော့ ရေးဆွဲပြဌာန်းကြရလိမ့်မယ်။
အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ လုံခြုံရေးအခြေခံက ပြဌာန်း လိုက်တဲ့ ဥပဒေအတော်များများ ဟာ နိုင်ငံသား လွတ်လပ်ခွင့်ကို အလေးအနက်ထားဖို့ဆိုတာထက်ကို လျစ်လျူ ပြုလေ့ရှိတယ်။
အဲဒါကို ထည့်မစဉ်းစားဘူး။ အဓိကက လက်ရှိကိုယ်အစိုးအဖွဲ့နဲ့ ကိုယ့်အုပ်ချုပ်မှု လုံခြုံဖို့ကိုသာ အဓိကထား စဉ်းစားလေ့ရှိတယ်။ အဲဒါဟာ ဥပဒေပြုမယ့်သူတွေအတွက် အဓိကအကျဆုံး အခြေခံအယူအဆပဲ လို့ မြင်တယ်။
အဲဒါနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့က ပြန်ပြီးတော့ လေ့လာသုံးသပ်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ ပက်သက်ပြီး အခြေခံရမယ့် မူတွေ အများကြီးရှိတယ်။ အဲဒီအထဲကနေပြီးတော့မှ အရေးပါတဲ့ အချက်တွေ ကို ပြောရမယ်ဆိုရင် ဥပဒေရဲ့အထက်မှာ မည်သူမှ မရှိစေရဘူး။
ဥပဒေပြဌာန်းလိုက်တဲ့ သူတွေ ကိုယ်-က ဥပဒေရဲ့ အောက်မှာပဲရှိရမယ်။ အဲဒီဥပဒေကို ကျင့်သုံး မယ့် အစိုးရ အဖွဲ့ဟာလည်း ဥပဒေရဲ့ အောက်မှာပဲရှိရမယ်။
ဒါဟာတရားဥပဒေစိုးမိုးရေးနဲ့ ပက်သက်တဲ့ အခြေခံ အကျဆုံးအချက်ပဲ။ သီးခြားကင်း လွတ်ခွင့်ရနေမယ် ဆိုရင် အဲဒီနိုင်ငံမှာတရားဥပဒေစိုးမိုးမှု ကင်းလွတ်နေတယ် လို့ပဲ ပြောရမယ်။ နောက်တစ်ခါ အရေးကြီးတဲ့ အချက်တစ်ချက်က All person are innocent until proven guilty ပြစ်မှုကျူးလွန်ကြောင်း သက်သေ ထင်ရှား မပြနိုင်သရွေ့ အပြစ်ကင်းစင်သူဟု မှတ်ယူရမည်။
အဲဒါဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မထိခိုက်အောင် အကာအကွယ်ပေးထားတဲ့ အခြေခံမူပဲ။ ဒါက တရား ဥပဒေရဲ့ အခြေခံမူ ဖြစ်တဲ့ သံသယအကျိုးကို တရားခံက ခံစားစေရမည်လို့ အခိုင်အမာ
ပြဌာန်းထားတယ်။
အဲဒါနဲ့ ပက်သက်ပြီးတော့ အထင်ရှားဆုံးသာဓက တစ်ခုအဖြစ် ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုတာ စကတည်းက အာဏာ သိမ်း ပြီးတဲ့အချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး ထူထောင်တယ်။
ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဦးဆောင် ပါတီဖြစ်သည် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စိတ်ကြိုက်ပြဌာန်းတယ်။ ပြဌာန်းပြီးတဲ့ အချိန်မှာ နိုင်ငံရေး သဘော ထား ကွဲလွဲတဲ့သူတွေကို အရေးယူဖို့အတွက် အရင်ဆုံး ကျွန်တော်တို့က ပုံမှန်အားဖြင့်ဆိုရင် ပြစ်မှု ဆိုင်ရာ ဥပဒေတွေ ရှိတယ်။
အဲအပြင်မှာမှ ထပ်ပြီးတော့ နိုင်ငံတော်က ရောင်စုံလက်နက်ကိုင်တွေ ကြီးထွားနေတဲ့ခေတ်မှာ အရေးပေါ် အခြေအနေကြေညာပြီးတော့ အရေးပေါ်စီမံချက် အက်ဥပဒေဆိုတာပြဌာန်းထားပြီးသားရှိတယ်။
အဲဒီမှာမှ ထပ်ပြီးတော့ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်
ရှောက်သည့် ဥပဒေ ဆိုပြီးတော့ ၁၉၇၅ ခုနှစ်မှာ ထပ်ပြီးတော့ပြဌာန်းတယ်။
လူတစ်ယောက်ဟာ နှောင့်ယှက်ဖျက်ဆီးလိုသူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ဘယ်သူက ဆုံးဖြတ်ပေး သလဲဆိုတော့ တရားဥပဒေဆိုင်ရာခုံရုံးတွေက ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ကျင့်သုံးတဲ့သူတွေက ဆုံးဖြတ်တာ။
ဒါက တရားဥပဒေဆိုင်ရာ တရားရုံးတွေရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ပိုင်တွေက ဆုံးဖြတ်တဲ့ ကိစ္စပဲ။ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုတာက မကျရောက်သေးဘူး. ဒီလူ က နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနိုင်တယ်ဆိုတဲ့ သံသယနဲ့ လူတစ်ယောက်ကို ဘာတစ်ခု မှ ပြစ်မှု ထင်ရှားကြောင်း သက်သေ မပြဘဲနဲ့ ဖမ်းဆီးချုပ်နှောင်ဖို့ ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ လက်ရှိအစိုးရ နဲ့ သဘောထားကွဲလွဲတာနဲ့ တစ်ပြိုင်နက် တရားရုံး မတင်ဘဲနဲ့ ပြစ်မှုကျူးလွန်ကြောင်းသက်သေမပြနိုင်ဘဲနဲ့ အချိန်မရွေးဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ရှိနေ တယ်။ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုပြီးတော့ နိုင်ငံသားတွေအတွက် ဘေးအန္တရာယ်ကျရောက်တဲ့ ဥပဒေဖြစ်လာတယ်။
အဲဒါဟာ ဥပဒေရဲ့ အခြေခံမူနဲ့တိုက်ရိုက်ဆန့်ကျင်တဲ့ ဥပဒေဖြစ်တယ်။ ရုံးတင်စစ်ဆေးခြင်း၊ တရားရုံး ရဲ့ခွင့်ပြုချက်မရဘဲ ၂၄ နာရီထက်ကျော်လွန်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်း မရှိစေရလို့ အခြေခံမူကိုလည်း ချိုးဖောက်ပြီးတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းကနေပြီးတော့ စိတ်ကြိုက်ကျင့်သုံးနိုင်တဲ့ ဥပဒေ။
ဒီဥပဒေကို ပြန်သုံးသပ်လို့ ရှိရင် သူဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအပေါ်မှာ အခြေခံပြီးပြဌာန်းသလား၊ ကိုယ့်ကိုကိုယ်နိုင်ငံတော်လို့ သတ်မှတ်ပြီး တော့ နိုင်ငံတော်လုံခြုံရေးအတွက်ဆိုပြီး ပြဌာန်းတဲ့ ဥပဒေလား ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။
အခု ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တော့မယ်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး
ပြုပြင်ပြောင်း လဲရေးလုပ်ပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့က ဥပဒေပြုဖိုချည်းပဲစည်းစားနေတာထက်ကို တည်ဆဲဥပဒေတွေကို ပြန်သုံးသပ်ဖို့က အရေးကြီးတယ်။
အဲဒီတည်ဆဲဥပဒေတွေဟာ ဒီမိုကရေစီစံချိန်၊ စံညွှန်းတွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စံချိန်စံညွှန်း တွေနဲ့ ညီညွတ်မှုမရှိ၊ မရှိ အဲဒါ ကျွန်တော်တို့ သုံးသပ်ဖို့ လိုတယ်။ ကျွန်တော်ဒီမှာ တရားဥပဒေစိုးမိုး ရေးနဲ့ ပက်သက်လို့ နောက်ထပ်အရေးကြီးတဲ့ ဆိုရိုးစကားရှိတယ်။
အပြစ်ရှိတဲ့သူ ၁၀ ယောက်လွတ်ချင်လွတ်သွား ပါစေ။ အပြစ်မရှိတဲ့သူတစ်ယောက်ကို အရေးမယူမိဖို့။ အပြစ်ရှိ တဲ့သူ ၁၀ ဦးကို လွှတ်ပေးခြင်းထက် အပြစ်မရှိ သူတစ်ဦးကို အပြစ်ပေးခြင်းက ပို၍ဆိုးတယ်ဆိုတဲ့ ဥပဒေဆိုရိုး စကားတစ်ခုရှိတယ်။
အဲဒါအရဆိုရင်လည်း ဒီဥပဒေရဲ့အခြေခံဟာ လွတ်လပ်ခွင့်၊ နိုင်ငံသားတွေရဲ့၊ အပြစ်မရှိ သူတွေရဲ့ လုံခြုံမှုတွေကို အာမခံချက်ပေး ထားတဲ့ အခြေခံမှုဖြစ်တယ်။
အဲသလို ကောင်းမြတ်တဲ့အခြေခံတွေကို လျစ်လျူရှုပြီးတော့ အပြစ်ရှိသူ တစ်ယောက်ကို ဖမ်းလို့မမိရင် မိသားစုကိုဖမ်းလာတာမျိုး။ ဒါဟာ တစ်နည်းအား ဖြင့်ပြောရင် နိုင်ငံတော်အခွင့်အာဏာကို ကျင့်သုံးပြီး
တော့ ပြန်ပေးဆွဲတာပဲ။
ကာယကံရှင် လာအဖမ်းခံမှ မိသားစုကို လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဟာ နိုင်ငံတော်ပြန်ပေးဆွဲမှုပဲ။ အဲသလို အခြေအနေမျိုးဟာ တစ်ချိန်တုန်း က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ တရားဥပဒေစိုးမိုးရေးဦးတည်နေတဲ့အချိန်မှာ ဥပဒေပြုအဖွဲ့အစည်းတွေအနေနဲ့ရော၊ ဥပဒေကို ဖော်ဆောင်ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ရော အလေးအနက်ထားရမယ့် ဆင်ခြင်ရမယ့် ကိစ္စတွေလိုပဲမြင်တယ်။
ကျွန်တော်တို့က ပြီးခဲ့တဲ့ ကိစ္စတွေအားလုံး ပြန်ပြောနေတာတွေက သင်ခန်းစာယူဖို့၊ ဒါတွေကို ပြုပြင်ဖို့ အဓိကထားတင်ပြနေတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးလို့ပြောရင် မလိုက်နာနိုင်တဲ့ ဥပဒေတွေ၊ မပြဌာန်း မဖြစ်လို့ ပြဌာန်းလိုက်ရတာမဟုတ်ဘဲနဲ့ မလိုအပ်ဘဲနဲ့ ပြဌာန်းတဲ့ ဥပဒေတွေဟာ အဲဒီ ဥပဒေ တွေမပြဌာန်းခင် တုန်းက ဥပဒေချိုးဖောက်တဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူဆိုတာ မရှိဘူး။
ဥပဒေ တစ်ခုပြဌာန်းလိုက် ကာမှ လူတွေဟာ ဥပဒေချိုးဖောက်တဲ့သူ၊ ပြစ်မှုကျူးလွန်သူတွေအဖြစ် ကျရောက်သွားရတာဟာ ဥပဒေပြုခြင်း ကြောင့်ဖြစ်သွားတဲ့ အန္တရာယ်။
အဲဒီတော့ ဥပဒေတွေပြုဖို့ဆိုတာထက်ကို တည်ဆဲဥပဒေတွေကို အသက်ဝင် အောင်၊ တည်ဆဲဥပဒေတွေကို အာဏာသက်ရောက်အောင် လုပ်ဖို့ကိုလည်း ကျွန်တော်တို့က အလေးအနက် အာရုံစိုက်သင့်တယ်။
အဲသလိုမဟုတ်ဘဲနဲ့ လုံခြုံအခြေခံနဲ့၊ လုံခြုံရေးဆိုတဲ့နေရာမှာ မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းရဲ့ လုံခြုံရေး ကို နိုင်ငံတော်လုံခြုံရေး ဆိုင်းဘုတ်တပ်ပြီးတော့ ပြဌာန်းထားခဲ့တဲ့ ဥပဒေတွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ဥပဒေတွေဖြစ်တယ်။
ဒါကြောင့် ဥပဒေပြု တော့မယ်ဆိုရင် ဥပဒေမပြုခင်မှာ ကိုယ်ဟာ ဘယ်အခြေခံကနေစပြီးတော့ စဉ်းစား သလဲ။
လွတ်လပ်မှုအခြေခံ ကနေစဉ်းစားစလား၊ လုံခြုံရေး အခြေခံကနေစပြီးစဉ်းစား သလားဆိုတာကို ပြတ်ပြတ် သားသား လေ့လာသုံးသပ် ဖို့၊ ဆန်းစစ်ဖို့ လိုတယ်။
ပြီးတော့ တည်ဆဲဥပဒေတွေကရော အုပ်ချုပ်သူတွေရဲ့ လုံခြုံရေးအတွက် အထောက် အကူပြုဖို့ ရေးဆွဲ ထားတဲဥပဒေတွေလား၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကို တကယ်လိုအပ်လို့ပြုစုထားတဲ့ ဥပဒေတွေ လားဆို တာ ပြန်သုံးသပ်ဖို့လိုတယ်။
အဲဒါမှသာလျှင် လူထုက လိုက်နာနိုင်မယ့်၊ လူထုက လေးစားနိုင်မယ့် ဥပဒေ တွေဖြစ်လာမယ်။ တရား ဥပဒေစိုးမိုးရေးကို တကယ်အကောင်အထည်ဖော်မယ်ဆိုရင် လူထုမလိုက်နာနိုင်တဲ့၊ ၀န်ထုတ်ဝန်ပိုးဖြစ်နေ တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့က အရေးကြီးတယ်။
ပြီးတော့မှ အသစ်တွေပြုရမယ်ဆိုရင် လည်း နိုင်ငံသားတွေ ရဲ့ လွတ်လပ်ခွင့်ကို အခြေခံပြီး စဉ်းစားတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ဥပဒေပြုမှသာလျှင် တကယ့်ကို လူထုအကျိုးပြုမယ့်ဥပဒေတွေ၊ နိုင်ငံတော်အတွက် အကာအကွယ်ပြုတဲ့ ဥပဒေတွေ ပေါ်ပေါက်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကိုကိုကြီး ~
စာရေးသူ ဦးကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်ပြီး HGP ဒီပလိုမာ ရယူ ခဲ့ဖူးသူဖြစ်ပြီး ၁၉၈၈ ခုနှစ်က နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ( IR) အထူးပြုဖြင့် နောက်ဆုံး နှစ်
ကျောင်းသားအဖြစ်တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။
REF - http://blog.irrawaddy.org/2013/04/blog-post_2100.html
ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ဓာတ်ပုံ- ကိုကိုကြီး ဖေ့စ်ဘုတ်
နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး (ကိုကိုကြီး 88မျိုးဆက်ကျောင်းသားခေါင်းဆောင် )
Tuesday, April 9, 2013
မိုးကောင်း သပိတ်တိုက်ပွဲ နိဒါန်း
အနောက်မှာ အရှေ့သို့ စီးဆင်းနေတဲ့ မိုးကောင်းချောင်း
ကျောက်စိမ်းထွက်ရာ ဖားကန့်၊ တောမှော်၊ လုံးခင်း စတဲ့ ရတနာမြေကို သွားရာလမ်း စခန်းထောက်အဖြစ် နားခိုရာမြို့လေးတမြို့ဖြစ်သလို ရတနာမြေမှ ကျောက်စိမ်းများကို ရောင်းဝယ် ဖောက်ကားတဲ့ မြို့ကလေး လည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့မှ လာရောက် နေထိုင်၏စီးပွားရှာကြတဲ့ စီးပွားရေးမြို့ ကလေးလည်းဖြစ်ပါတယ်။ ဒီမြို့ကလူတွေက စီးပွားရေးအတော်အသင့်ချောင်းလည်ကြသူများဖြစ်ပါတယ်။ (အခုမဟုတ်ဘူးနော်ဟိုတုန်းကပြောတာ) ပိုက်ဆံမရှိလျင် ဖားကန့်(သို့) တောမှော် တက်သွားလိုက်ကြ တူးလို့ရလာတဲ့ ကျောက်စိမ်းတွေကို ရောင်းချလို့ရတဲ့ငွေလေးနဲ့ တနှစ်လောက်ထိုင်စားလိုက် ကုန်ရင် ဖားကန့်ပြန်သွားလိုက်နဲ့ အပူအပင်သိပ်မရှိကြဘူး သဘာဝတရားကပေးထားတဲ့ ရတနာမြေကို မှီခို စားသောက် နေကြတဲ့သူတွေပေါ့ ။ အဲဒီထဲမှာ ကျနော်လည်းပါတာပေါ့ သုံးစရာပိုက်ဆံမရှိလျင် အမေ့ဆီကတောင်း အကိုတွေဆီကတောင်း ဘယ်သူမှမရှိလျင် အမေသေတ္တာထဲ နှိုက်သွားလိုက်တာပဲ ဘာပြဿနာမှမရှိဘူး။ ဒါကြောင့် ကျနော့်ဘဝ ကျနော့်အနာဂါတ်အတွက် ဘာမှလေးလေးနက်နက် မစဉ်းစားခဲ့မိဘူး ကျောင်းသွားလိုက် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စား ဘာမှအလေးအနက် မစဉ်းစားတဲ့လူငယ် တယောက်ပေါ့။ ကျောင်းခန်းထဲမှာ ပညာကို လိုလိုလားလား သင်ယူတာတခါမှ မရှိခဲ့ဘူးပါဘူး ။ တခါတော့ အင်္ဂလိပ်စာ ဆရာက အရှေ့မှာစာသင်နေတုန်း ကျနော်ကနောက်မှာ တံမျက်စည်းကို ဂီတာလုပ်တီးနေလို့ ဆရာက ဒေါသတကြီးနဲ့ `မင်းစာမသင်ချင်ထွက်သွား ဆန်ကုန်မြေလေး” လို့တောင်အပြောခံရဘူးပါတယ်။ အဲဒီအချိန်တုန်းက ကျနော်ဟာ တကယ်ဆန်ကုန်မြေလေးဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော့်ရဲ့စဉ်းစားချက် ဟာဆယ်တန်းအောင်ရင် တက္ကသိုလ် တက်ပြီး ပိုက်ဆံဖြုန်းမယ်၊ အလေလိုက်မယ် ပဲ စဉ်းစားနိုင်ခဲ့တယ်။
တောသားမြို့ရောက်
ကျနော် ဆယ်တန်းစာမေးပွဲပြီးတော့ ဖားကန့်ဖက် (တောမှော်)မှာကျောက်တူးဖို့သူငယ်ချင်း သိန်းထိုက်နဲ့ သွားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ငွေရရင် ရန်ကုန်ကို သူငယ်ချင်းတွေနဲ့ စုပြီးသွားလည်ဖို့ပါ ငွေဆိုတာ ကတော့ ကျနော်တို့ ဒေသမှာ တော့သိပ်မရှားဘူးလို့ပြောရပါမယ်။ ကျောင်းသားဘဝမှာတောင် ငွေရှာရတာ သိပ်ခက်ခက်ခဲခဲမရှိခဲ့ပါဘူး။ ဒါနဲ့ရန်ကုန်ကို ကျနော်တို့သူငယ်ချင်း (၂)ယောက်နဲ့အတူ ကျနော့်အကို အပါအ၀င် စုစုပေါင်း (၄) ယောက် အလည်တခေါက် ရွှေမြို့တော်ကိုရောက်သွားခဲ့တယ်။ ရန်ကုန်ကို ကျနော်တို့ရောက်တဲ့ အချိန်က ၁၉၈၈ခုနှစ် မေလကုန်ပိုင်းလောက်မှာပါ။ ရန်ကုန်မှာ ပါလာတဲ့ပိုက်ဆံကို လိုက်ဖြုန်းရင်း တောသား လေးယောက် လျှောက်လည်ကြတာပေါ့ မရောက်တဲ့နေရာ မရှိရလေအောင် အစုံပဲ ။ အင်းစိန်ဖက်က အမျိုးတွေဆီသွားရင်း ရန်ကုန်စက်မှုတက္ကသိုလ် ကိုဖြတ်ပြီးသွားရပါတယ် RIT ကျောင်းရှေ့ ရောက်တော့ ကျနော့်ဦးလေး ကမိတ်ဆက်ပေးပါတယ် “ ဒါ RIT ကျောင်းပဲကွ ပြဿနာတွေဖြစ်လို့ ကျောင်းတွေ ပိတ်ထားလိုက်ပြီ ” လို့ ပြောလိုက်တဲ့အချိန်မှာပဲ ကျနော်တို့ အုပ်စုထဲကသိန်းထိုက် က“ ရဲဘော်ဖုန်းမော် မင်းကိုငါတို့အလေးပြုပါတယ်” လို့ မဆီမဆိုင်ထအော်တယ်။ မတ်လတုန်းက စက်မှုတက္ကသိုလ်မှာ ကျောင်းသား နဲ့ အစိုးရပြဿနာဖြစ်တယ် ဆိုတာတော့ ရေးရေးကြားဖူးတယ် ဘာဖြစ်တယ်ဆိုတာ သေသေခြာခြာ ကျနော်မသိပါဘူး။ ဒါနဲ့ကျနော်ကလှမ်းမေးလိုက်တယ် “ရဲဘော်ဖုန်းမော်ဆိုတာဘယ်သူလဲ” လို့။ ကျနော့် သူငယ်ချင်းသိန်းထိုက်က RIT ကျောင်းသားကိုဖုန်းမော်အကြောင်းကို မိတ်ဆက်ပေးတယ်။ ကျနော့် သူငယ်ချင်း သိန်းထိုက်ဆိုတာ စာဖတ်ဝါသနာပါသူပါ စာအုပ်ဆို ဘာစာအုပ်ဖြစ်ဖြစ် တွေ့ရင်ဖတ်လေ့ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ သူဖတ်ထားတဲ့စာအုပ်တွေအကြောင်းကို အာဘောင်အာရင်း သန်သန်ပြောတတ်သူပေါ့ ။ သိန်းထိုက်က ကိုဖုန်းမော် အကြောင်းကိုပြောပြတော့ ကျနော့် ဦးလေးကလည်း “ ဟုတ်တယ် အခုသတင်းတွေ ထွက်နေတယ်ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းသားတွေကလဲ ဆန္ဒပြမယ်တဲ့ ရန်ကုန်မှာကျောင်းလာတက်ကြတဲ့ တချို့ကျောင်းသားတွေဆို ချို့ချို့တဲ့တဲ့နဲ့ ကျောင်းလာတက်ရတာ အခုလိုဖြစ်တော့ သူတို့ဖက်ကလည်း ခံပြင်းမှာပေါ့ .. “ မင်းတို့လည်း လည်လို့ဝရင်ပြန်ကြတော့ကွာ ရန်ကုန်မှာ အခြေအနေသိပ်မကောင်းဘူး ” လို့ပြောတယ်။ အဲဒီစကားကို ကျနော်ကြားလိုက်တော့ စိတ်ထဲမှာ တမျိုးကြီးခံစားလိုက်ရတယ်။ ဘာကို ခံစားရမှန်း ကျနော်တိတိကျကျမသိခဲ့ဘူး။ ဒါနဲ့ပဲ ရန်ကုန်မှာ နှစ်ရက်လောက် နေပြီးကချင်ပြည်နယ် မိုးကောင်းကို ပြန်ခဲ့ကြပါတယ်။
ကျနော်တို့ မိုးကောင်းကို ပြန်ရောက်ပြီးသိပ်မကြာမှီ ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်ပြီ ဆယ်တန်းအောင် စာရင်းလည်း ထွက်ပြီ ကျနော်စာမေးပွဲဖြေတုန်းက အင်္ဂလိပ် တဘာသာကို အောင်မှတ်ရအောင် မဖြေနိုင်ခဲ့ဘူး ဒါကြောင့် အောင်စာရင်းထွက်တော့ သူများတွေလို ရင်ခုန်စရာလည်းမလို ထင်ထားသည့်အတိုင်းကျသည် သူငယ်ချင်းတွေတော့ အောင်ကြတယ်။ ရန်ကုန်ကပြန်လာပြီးနောက်ပိုင်း လေးလေးနက်နက် စဉ်းစားတတ် လာတယ် ကျောင်းကြာလူကြာဘ၀နဲ့ နေလာခဲ့တာ အသက်လည်း (၂၀)ရှိပြီ ပေါ့ပေါ့နေပေါ့ပေါ့စားဘ၀နဲ့ မဖြတ် သန်းချင်တော့ပါ။ ဒါကြောင့် လာမဲ့နှစ်တော့ အမှတ်ကောင်းကောင်းရအောင်ဖြေပြီး ရန်ကုန်မှာ ကျောင်းသွား တက်နိုင်အောင်လုပ်မယ်ဆိုပြီး အားနည်းတဲ့ အင်္ဂလိပ်ဘာသာကို ကျူရှင်ယူပြီး စာကိုပဲ နှစ်စထဲက ဖိလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
မိုးကောင်း မီးသတ် လမ်းဆုံ
ဝိုင်းကျူရှင်
ကျနော်တို့မြို့ကို နယ်လှည့်ပြီး ကျူရှင်လိုက်ဖွင့်စားနေတဲ့ ဆရာကောင်းသန့်ဆိုသူ ရောက်လာပါတယ်။ သူငယ်ချင်းတချို့ကဆွယ်တော့ ကျနော်လည်း သွားတက်လိုက်တယ်ပေါ့။ နောက်တပါတ်လောက်မှာ ကျူရှင် ဆရာကောင်းသန့်က သူနဲ့တွဲသင်မဲ့ဆရာမျိုးလွင်ဆိုသူ ခပ်ငယ်ငယ်ဆရာတယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ တလ လောက်အကြာမှာ ဆရာကောင်းသန့်က ကျနော်တို့ဆီကကျူရှင်လခတွေ ယူပြီးထွက်ပြေးသွားပါလေ ရော ။ အဲဒီကျူရှင်မှာ ကျနော်တို့ ကျောင်းသား/သူ (၁၅)ယောက်ရယ် ဆရာမျိုးလွင်ရယ်ပဲ ကျန်ခဲ့တယ်။ ကျူရှင် အတွက် ငှါးထားတဲ့အခန်းခကလည်း မပေးရသေး ကျန်ခဲ့တဲ့ ဆရာမျိုးလွင် စားရေးသောက်ရေးကအစ ကျနော်တို့ ကျောင်းသား/သူအတွက် ပူပင်စရာဖြစ်လာပါတော့တယ်။ ဒါကြောင့် ဒီကျူရှင်လေးကို ရပ်တန့် မသွားရအောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြရတဲ့ ဝိုင်းကျူရှင်လေး ဖြစ်သွားပါတော့တယ်။ ကျနော်တို့နဲ့ ဆရာမျိုးလွင်ဆက်ဆံရေးက ဆရာတပည့်ဆိုတာထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ရဲဘော်ရဲဘက် ဆက်ဆံရေးမျိုး ဖြစ်လာပါတယ် ။ စာသင်ရင်းနဲ့ အကြောင်းတိုက်ဆိုင်လာရင် သူတို့ဧရာတီတိုင်း ဒေးဒရဲမြို့က နိုင်ငံရေးသမားတွေ သောက်တဲ့လ္ဘက်ရည်ဆိုင်အကြောင်းတွေ ထောင်ထဲရောက်သွားတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အကြောင်းတွေပြောလာပါတယ်။ ကျနော်လည်း ဆရာမျိုးလွင်နဲ့ သူငယ်ချင်းလို ဖြစ်သွားပြီး အားတဲ့ အချိန်တိုင်းမှာ သူ့အခန်းကိုသွားပြီး ရောက်တတ်ရာရာ စကားတွေပြောနေတတ်ပါတယ် ။
တရားဟောနေတဲ့ ကျူရှင်ဆရာမျိုးလွင်
ကျနော်နဲ့ ဘီဘီစီ
ကျနော်တို့အိမ်မှာ National အမျိုးအစား ရေဒီယို ကက်ဆက်တလုံးရှိပါတယ်။ ရေဒီယိုနားထောင်တဲ့ အလေ့ အထ ကျနော့်တွင်မရှိပါ။ သို့သော်လည်း ရေဒီယိုမှလာနေသောအသံများကတော့ ကျနော့်နားထဲ ရောက် ရောက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အဖေမှာ ရေဒီိယိုလိုင်းပေါင်းစုံကို အမြဲဖွင့်နားထောင် တတ်သောကြောင့် ဖြစ်ပါတယ်။ ကျနော့်အဖေ အများဆုံးနားထောင်သောလိုင်းမှာ ဘီဘီစီနဲ့ ဗမာပြည်ကွန် မြူနစ် ပါတီလိုင်း ဖြစ်ပါတယ်။ နောက်အဖေဆုံးသွားပေမဲ့လည်း ရေဒီယိုကိုဖွင့်ထားတဲ့ အကျင့်တခုတော့ ရလာပါတယ် အစတုန်းကတော့ ရေဒီယိုမှ လာနေသောသတင်းများကို အလေးအနက် မထားခဲ့ပါဘူး ။ နောက်ပိုင်း မြို့ကြီးတွေမှာ ကျောင်းသားများ ကွက်ကြားကွက်ကြား ဆန္ဒပြတဲ့သတင်းတွေကို စိတ်ဝင်တစား အာရုံစိုက်လာခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ခရစ်စတိုဘာဂန်းနက်ရဲ့ သတင်းပေးပို့ချက်တွေကို မလွတ်တန်း နားထောင်လာပါတယ်။ ၈ရက် ၈လ ၈၈ မှာတနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ကျောင်းသား ဆန္ဒပြမှုတွေပြုလုပ်မယ်လို့ ရန်ကုန်ကျောင်းသားခေါင်းဆောင်တယောက်က ဘီဘီစီကနေ အမေးအဖြေ လုပ်သွားတဲ့ သတင်းတွေကိုကြားတော့ ကျနော့်စိတ်ထဲ မရိုးမရွဖြစ်ပြီး ဘာလုပ်ရမှန်းလဲမသိဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ နားထောင်ခဲ့သမျှသတင်းတွေကို ဖောက်သည် ပြန်ချရတာကို အရသာတွေ့လာပါတယ်။ ကျနော့် သူငယ်ချင်းတွေကလည်း ရန်ကုန်မှာ ဖြစ်နေသော ကျောင်းသားအရေးအခင်းအကြောင်းတွေကို တိုးတိုးတိတ်တိတ် ပြောလာကြပါတယ်။ ဒါကိုအခွင့်ကောင်း ယူကာ ကျနော်ကသူငယ်ချင်းတွေကို မေးလိုက်ပါတယ် “ငါတို့မြို့မှာ ကျောင်းသားသပိတ်တွေဖြစ်လာရင် မင်းတို့ ပါမလားလို့” မေးလိုက်တော့ သူငယ်ချင်းတယောက်က “မဖြစ်နိုင်ပါဘူးကွာ ဘယ်သူ ဦးဆောင်မှာလဲ ဦးဆောင်တဲ့သူမှမရှိတာ ငါတို့မြို့ကစီးပွားရေးကိုပဲ စိတ်ဝင်စားကြတာ” တဲ့ ကျနော်က အတည်ပေါက်နဲ့ “ရန်ကုန်ကကျောင်းသားတွေ လာဦးဆောင်မှာပေါ့ ” ကျနော်အထင်ကို အတည်ပေါက်နဲ့ ပြောချလိုက်တော့ သူငယ်ချင်းတယောက်က “ဟ အဲဒါဆိုပါရမှာပေါ့ ငါတို့လည်းကျောင်းသားတွေပဲ ” အဲဒါဆို ရန်ကုန်ကျောင်း သားတွေကိုစောင့်ကြတာပေါ့ ” လို့ပြီပြောပြီးလက်ဖက်ရည်ဆိုင်ကနေ ကျနော်တို့ လမ်းခွဲလိုက်ကြပါတယ်။
သပိတ်မှာ လူထုတွေပါလာပြီ
သပိတ်တိုင်း ဟာကျောင်းသားကစခဲ့တာလို့ ပြောနေတဲ့ မြစ်ကြီးနား ကျောင်းသား ကျော်စိုး
ဒီနေ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ရှစ်လပိုင်းထဲကို ၀င်လာပြီ ကျတော်တို့ကိုဦးဆောင်မဲ့ ရန်ကုန်ကျောင်းသားဆိုတာတွေက မျှော်သာမျှော်ပေါ် မလာဖြစ်နေပါတယ်။ ဘယ်သူတွေ လာဦးဆောင်မယ်ဆိုတာကို စဉ်းစားလို့မရ ဘယ်လိုလုပ်မယ်ဆိုတာလဲမသိ ဖြစ်နေချိန်မှာ ကျနော့်သူငယ်ချင်းသိန်းထိုက် အိမ်ကိုပေါက်ချလာပါတယ်။ သူနဲ့ကျနော်နဲ့ ကျောင်းကမတူဘူး သူက(၈)တန်းအောင်တော့ အထက(၁) ကိုပြောင်းသွားတယ် ကျနော်ကတော့ အထက(၂) မှာ ကျောင်းဆွေး လူဆွေးပေါ့။ အထက(၁) လပါတ်စာမေးပွဲက ရှစ်ရက်နေ့မှာ ဖြေရမယ် သူစာမကျက်ရသေးဘူး ဘယ်လိုလုပ် ရမလဲလို့ လာငြီးပါတယ်။ ဒါနဲ့ ကျနော်က ဒါတိုက်ဆိုင်တာပဲ (၈)ရက်နေမှာ တနိုင်ငံလုံးဆန္ဒပြမယ် မင်းလည်း ဆန္ဒပြလိုက် ဒါဆိုစာမေးပွဲလဲပျက်ပြီ မင်းလဲသပိတ်ခေါင်းဆောင်ဖြစ်ပြီလို့ သာသာထိုးထိုး ကျနော်ပြော လိုက်ပါတယ်။ သူကစိုးရိမ်စိတ်နဲ့ ငါကလပါတ်မဖြေချင်တာ အဲဒီလိုလုပ်လို့တော့ မဖြစ်ဘူးလို့ပြောပါတယ်။ ကျနော်က အတင်းတိုက်တွန်းတော့ သူလုပ်မယ်လို့ သဘောတူလိုက်ပြီး ကျနော်တို့ ကျောင်းမှာကပ်ဖို့ တိုက်တွန်းစာတွေ ရေးကြပါတယ်။ (၈)ရက်နေ့ကျရင် အထက(၁)ကို သိန်းထိုက်ဦးဆောင်ပြီးထွက်လာ သူတို့ကျောင်းက သပိတ်မှောက်ကျောင်းသားတွေရောက်လာရင် ကျနော်က အထက(၂)က ဦးဆောင်ထွက် မယ်ဆိုပြီး ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်၊ ဂျာမဏီ၊ အီတလီ ဝင်ရိုးတန်းနိုင်ငံတွေကမ္ဘာကြီးကို ခွဲဝေသိမ်းပိုက် မည့်အလား အစီအစဉ်တွေကို ချလိုက်ကြပါတယ်။ သြဂုတ်လ(၇)ရက်နေ့ညမှာ သူရေးထားတဲ့စာကို ကျနော်တို့ကျောင်း အထက (၂)မှာကပ် ကျနော်ရေးသော စာလိုလို ကဗျာလိုလို စာရွက်ကို သူတို့ အထက(၁)မှာ ကပ်လိုက်ကြပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရေးမမှတ်မိအောင်လို့ပါ (၈)ရက်နေ့ ကျောင်းမသွားခင်မှာ ကျနော်တို့မြို့ စော်ဘွားတိုက် စားသောက်သောက်ဆိုင်ကိုလာဖို့ သိန်းထိုက်က ချိန်းလိုက်ပါတယ်။ ကျောင်းမသွားခင် စားသောက်ဆိုင်ကို ၀င်လိုက်တော့ သိန်းထိုက်နဲ့ သူငယ်ချင်းဇော်ရာ တို့ရောက်နှင့်နေပြီး ဝက်ခေါင်းသုပ်နဲ့ မီးတောက်(ကချင်အရက်)သောက်နေကြသည်ကို တွေ့ပါတယ်။ အစီစဉ်မစခင် ရဲဆေးတင်တာတဲ့ ။ မနက်ပိုင်းမှစ၍ ကျနော်တို့မြို့ပြင်မှာ တပ်စွဲထားတဲ့ ခလရ(၇၄)ဖက်က သေနတ်သံ လက်နက်ကြီးသံများ တိုက်တိုက်ဆိုင်ဆိုင် ကြားနေရပါတယ်။ သိန်းထိုက်ကို ကျနော် သိပ်စိတ်မချလို့ သူ့ကျောင်းဖက်မှ ပါတ်ကြည့်ရန် လိုက်သွားပါတယ်။ သိန်းထိုက်တယောက် လမ်းမှာ ကျောင်းသို့သွားနေသော ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများကို ကျောင်းကိုမသွားကြဖို့ တိုက်ပုံ တကားကားနဲ့ သောက်ထားတဲ့အရက်အရှိန်ကြောင့် အော်နေသည်ကိုတွေ့လိုက်ရတယ်။ ကျနော်တော်တော် စိတ်ဓါတ်ကျသွားတယ် ကျနော်တို့ ကျောင်းရောက်တော့ ကပ်ထားတဲ့စာကို ၈ နာရီလောက်မှာ အမှတ်(၈) ထောက်လှမ်းရေးက လာခွာသွားပြီတဲ့ ကျောင်းသူ တချို့ပြောနေသံကိုကြားရတယ်။ ကျနော်နဲ့ သူငယ်ချင်း တချို့လည်း အထက(၁)က သိန်းထိုက်ဦးဆောင်ချီတက်လာမဲ့ ကျောင်းသားတန်းကြီးကို စောင့်မျှော်နေကြပါ တယ်။ တနာရီလည်းပေါ်မလာ နှစ်နာရီလည်းပေါ်မလာ ဒီလိုနဲ့ နေ့လည် ကျောင်းဆင်းချိန်ရောက်တော့ ကျနော် သူတို့ကျောင်းဖက်ကို ထွက်ခဲ့ပါတယ်။ BOC ရှေ့ရောက်တော့ စစ်သားတွေ စောင့်နေတာ ကိုတွေ့လိုက်ရပါ တယ်။ ဒါနဲ့ကျောင်းဖက်ကို လှမ်းကြည့်လိုက်တော့ ကျောင်းသား ၊ကျောင်းသူတွေကို နေ့လည် ကျောင်းဆင်းချိန်မှာ မပြန်ခိုင်းပဲ တားထားသည်ကိုတွေ့လိုက်ရပါတယ် ။ ကားလမ်းနဲ့ ရထားလမ်းအဖြတ်မှာ ရထားတစီးရပ်ထားသည်ကိုလည်း တွေ့ရပါတယ်။ ပါတ်ဝန်းကျင်ကိုစပ်စုကြည့်တော့ တိုင်းမှူးကျော်ဘ ရထားမထွက်သေးလို့ ကျောင်းသားတွေကို တားထားခြင်းလို့ သိရပါတယ်။ ဆယ်မိနစ်လောက်ကြာတော့ ကျနော်၏ မင်းသား မောင်သိန်းထိုက် ပိတ်ထားသော ကျောင်းတံခါးဝမှာ ဆရာတယောက်နဲ့ စကားများနေတယ် တိုက်ပုံကိုဝတ်ပြီး ပါးစပ်တခုလုံး ရဲပဒေါင်းခတ်အောင် ကွမ်းတွေကိုဝါးထားတယ်။ ဆရာကို သူပြောနေတာ ကတော့ “ ကျနော်တို့ အိမ်ပြန်ချင်ပြီး ဒီလက်နက်ကိုင်တွေ ဘာဖြစ်လို့ကျနော်တို့ ကျောင်းသားတွေကို ၀ိုင်းထားကြတာလဲ အခုဖယ်ပေးပါ။ ကားမတ်စ်ကပြောဘူးတယ် စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့ ကစားကွင်းတဲ့ အခုဟာက အကျဉ်းထောင်ကြီးနဲ့တူနေပြီ “ ဟု သူဖတ်ထားတဲ့စာအုပ်တွေထဲက စကားလုံးတွေကို ဟန်ပါပါရွတ်ပြကာ အတင်းတိုးထွက်လာခဲ့ပါတယ်။ ကျနော်ရှိရာဖက်သို့ ဦးတည်လာပြီး ကျနော်တို့နားရောက်တဲ့အခါ လမ်းသွားလမ်းလာ တွေကိုပိတ်ထားတဲ့ BOC ဂိတ်ကို ကန်ဖွင့်လိုက်သည်။ စောင့်နေသည့် စစ်သားကတော့ ဘာမှမလုပ်ပါ။ ပြီးတော့ သွားကြ သွားကြ လွတ်လပ်စွာ သွားလာခွင့်ရှိတယ် ဆိုပြီး ကျနော့်အနားရောက်လာပါတော့တယ်။ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ကွာ တိုင်းမှူးရောက်နေတယ်တဲ့ သွားမယ်ဆိုပြီးကျနော့် စက်ဘီးမှာတက်လိုက်လာပါတယ်။ ဟုတ်ပါတယ် (၈) ရက်(၈)လ (၁၉၈၈) ခုနှစ်မှာ ကျနော်တို့မြို့မှာ စောစောစီးစီး KIA မှ လာပစ်သော သေနတ်သံ ကြားရပါတယ်။ နောက်တိုင်းမှူး ကျော်ဘ ရောက်နေလို့ စစ်တပ်က လုံခြုံရေးတိုးယူထားပါတယ်။ တိုက်ဆိုင်မှုတွေကြောင့် ကျနော်တို့ရဲ့ မဟာစီမံချက်ကြီး အထမမြှောက် ဖြစ်သွားရပါတော့တယ်။ အဲဒီညနေမှာ သိန်းထိုက်ကို ရုံးခန်းမှာထောက်လှမ်းရေးနဲ့ ဆရာများ ခေါ်ယူစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။ သူ့ကိုဖမ်းရင် ပြဿနာပိုမိုကြီးလာနိုင်တယ်လို့ ယူဆပြီး သူ့အမ ကျောင်းဆရာမရဲ့ အာမခံချက်နဲ့သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့မြို့မှာ သြဂုတ်လ(၉) ရက် နေ့မှာစ၍ ကျောင်းတွေ ပိတ်ထားလိုက်ပါတယ်။ ကျနော့်သူငယ်ချင်း သိန်းထိုက်ရဲ့ဆုတောင်းတော့ပြည့်တယ်လို့ ဆိုရမှာ ပေါ့။
ကောလဟာလများ
တနိုင်ငံလုံးကျောင်းသားတွေ ဆန္ဒပြနေကြပြီလို့ ကျနော်တို့မြို့မှာ ကောလဟာလ သတင်းတွေပျံ့နေပါတယ်။ “ မြို့နယ်ကကောင်းလို့ ဒီမြို့မှာဘယ်တော့မှ မဖြစ်ရဘူး” “ကျောက်ပြင် သနပ်ခါးတုန်းတွေထမိန်တွေကို တခြား ကျောင်းသားတွေ ပို့တယ်” စသော ကောလဟာလသတင်းတွေ ပြန့်လွှင့်နေပါတော့တယ်။ သြဂုတ်လ(၉) ရက်နေ့မှာ ဘူတာကိုသွားတော့  မြစ်ကြီးနားမြို့မမှာနေတဲ့ ကျနော်တို့ကျောင်းအုပ်ဆရာကြီးရဲ့သား ၀င်းကျော်သူ ကို မြစ်ကြီးနား-မန္တလေးအစုန်ရထားပေါ်မှာ တွေ့လိုက်ရတယ် ဒါနဲ့မြစ်ကြီးနား အခြေအနေသွားမေးကြည့်တော့ သူတော့မန္တလေးလစ်တော့မယ်တဲ့ မြစ်ကြီးနားမှာတော့ မနေ့ကဆန္ဒပြတယ် ရဲကပစ်လို့ ဇော်နန်ဆိုတဲ့ ကျောင်းသားတစ်ယောက်သေတယ် (၁၀)ရက်နေ့မှာ ဇော်နန်အလောင်းကိုထမ်းပြီးဆန္ဒပြမယ်၊ မြစ်ကြီးနားမှာ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေကြားတင်းမာမှုတွေကြီးထွားနေတယ်၊ အခြေအနေမကောင်းဘူးဆိုပြီး ပြောသွားပါတယ်။ တနိုင်ငံလုံးကျောင်းတွေကိုတော့ (၁၀)ရက်နေ့မှာစတင်ပိတ်ဖို့ (၉)ရက်နေ့မှာ ရေဒီယို မှကြေငြာ၍ ပိတ်လိုက်ပါတော့တယ်။
မှိုင်းရာပြည့်ကွင်းက ကြွေးကြော်သံ
ကျနော်တို့အိမ်တွင် ဧည့်သည် သုံးလေးယောက်က အမြဲလိုရှိနေတတ်ပါတယ်။ အမေနဲ့ အကိုတို့က သူတို့ ၀ယ်လာတဲ့ ကျောက်စိမ်းတွေကို မိုးကောင်းမှာ ဈေးမကိုက်လျင်(အမြတ်မရရင်) မန္တလေးသို့ ဆင်းရောင်း တတ်ပါတယ်။ အဲလိုသွားရောင်းတဲ့အခါ ကျောက်စိမ်းတွေကို သယ်ပေးမဲ့သူ(carry) ကိုငှါးရပါတယ်။ တရားမ၀င် ရောင်းဝယ်နေကြတာဖြစ်လို့ တနေရာနဲ့ တနေရာ သယ်ယူတဲ့အခါ အဖမ်းအဆီးခံရတတ်ပါတယ်။ အစော ပိုင်းတော့ အရပ်သား carry တွေငှါးပါတယ်။ အဖမ်းအဆီးတွေများလာတော့ နောက်ပိုင်းမှာ စစ်တပ်ထဲက စစ်သားတွေကို carry အဖြစ်ငှါးပါတယ်။ အဖေက စစ်မှုထမ်းဟောင်းဆိုတော့ စစ်သားတွေနဲ့လည်း ကျနော် တို့အိမ်က ရင်းနှီးပါတယ်။ အောက်ခြေစစ်သားတွေရဲ့ ဘဝကိုလည်း ကျနော်တို့မိသားစုက ကောင်းကောင်း နားလည်ပါတယ်။ စစ်သားဆိုတဲ့နေရာမှာ လက်ရှိ တာဝန်ထမ်းနေသူရော စစ်တပ်မှ ထွက်ပြီးသားသူတွေလည်း ပါပါတယ်။ (၁၀)ရက်နေ့ရောက်တော့ မန္တလေးမှပြန်လာသော စစ်မှုထမ်းဟောင်း ဦးတင်ဝင်းက ကျနော့်ကို စာရွက်အပိုင်းလေး လာပေးပါတယ်။ ကျနော်ကြည့်လိုက်တော့ မန္တလေး မှိုင်းရာပြည့်ကွင်းမှာဝေတဲ့ လူထု သပိတ်ကြီး စတင်ဖို့ ခရိုင်မြို့နယ်တော်တော်များများ စုမိနေပြီ မကြာခင် တနိုင်ငံလုံး ဆောင်တဲ့ သပိတ်ကြီး စတင်တော့မည် သပိတ်ကို အောက်ပါကြွေးကြော်သံအတိုင်း တညီ တညွတ်ထဲ သပိတ်မှောက်ကြရန်။
သပိတ် …. သပိတ်…… မှောက်မှောက်
မီးဒုတ်….မီးဒုတ် ရှို့ …..ရှို့
ကုန်ဈေးနှုန်း အမှန်တကယ်ကျဆင်ရေး ဒို့အရေး…..ဒို့အရေး
ကျောင်းသားသမဂ္ဂပြန်လည်းဖွဲ့စည်းရေး ဒို့အရေး…..ဒို့အရေး
စိန်လွင် အစိုးရဖြုတ်ချရေး ဒို့အရေး…..ဒို့အရေး
ဒီမိုကရေစီရရှိရေး ဒို့အရေး…..ဒို့အရေး
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
ဆိုတဲ့စာကိုတွေ့လိုက်တော့ ကျေးဇူးပဲ ဦးတင်ဝင်း ဆိုပြီး စာရွက်ကိုကျနော်ယူလိုက်တော့ ဦးတင်ဝင်းက “မင်းအမေ ဆူနေပါအုံးမယ်ကွာ” ကျနော် ဘာမှပြန်မပြောတော့ဘဲ ကာဗွန်(မှင်ခံစာရွက်)ခံပြီး အရွက် ငါးဆယ်ခန့်ကူးလိုက်ပါတယ်။ ကျောင်းမှ ရင်းနှီးသောသူငယ်ချင်း တချို့ကိုတွေ့ပြီး ကြွေးကြော်သံစာရွက် များကို ထပ်ဆင့်ပွားကူးပြီး လိုက်ဝေငှရန် ပေးလိုက်ပါတယ်။
လူတိုင်းသိတဲ့ လျှို့ဝှက်ချက်
သြဂုတ်လ(၁၂)ရက်နေ့မှာ မနက်အိပ်ယာမှထကတည်းက အညိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးဟာ(၁၁) နာရီခွဲ လောက်မှ စဲလာပါတယ်။ သိန်းထိုက်ကလည်း ကျနော့်အိမ်ဖက်ကို မရောက်လာတော့ပါ။ ကျနော်တို့ မြို့မှာ တကယ်ပဲဆန္ဒပြမဲ့ ကျောင်းသားတွေမရှိတော့ဘူးလား၊ သူငယ်ချင်းတယောက်ပြောသလို စီးပွားရေးကိုပဲ စိတ်ဝင်စားကြတာလား၊ ဘယ်သူမှဦးဆောင်မဲ့သူမရှိကြတော့ဘူးလား၊ စသဖြင့် ခံပြင်းစိတ်တွေနဲ့ အတွေး နယ်ချဲ့နေမိပါတယ်။ ထိုအချိန်တွင် သိန်းထိုက်တို့ကျောင်းက သူငယ်ချင်းတယောက် တင်ထွေးဆိုသူ ကျနော့်အိမ်ကိုမေးပြီး ပေါက်ချလာပါတယ်၊ သပိတ်မှောက်မယ်လို့လာပြောပါတယ် မနက်ဖြန်ထွက်ရအောင် မင်းမှာ လူဘယ်နှစ်ယောက်ရှိလဲတဲ့ ကျနော်က (၂၀)လောက်ရှိတယ်ပြောတော့ သူ့ဆီမှာ အယောက် (၅၀)လောက်ကိုပြောထားပြီးပြီ အလံလည်းရှိတယ်လို့ပြောလာပါတယ်။ ငါဆီမှာ ကြွေးကြော်သံတော့ရှိပြီ ဒါဆိုမနက်ဖြန် ရွှေသာလျောင်း ဘုရားကြီးမှာစုပြီး ထွက်မယ်လို့ ကျနော်တို့အကြမ်းပြင်းတိုင်ပင်လိုက်ကြတယ်။ ညဖက်မှာ တခြားသူတွေနဲ့ အသေးစိတ် ပြန်ဆွေးနွေးမည့် နေရာကိုပြောပြီး တင်ထွေးလည်း ထွက်သွားပါ တယ်။ ကျနော်လည်း သူငယ်ချင်းတွေကိုလိုက်ပြော ကြွေးကြော်သံတွေ ထပ်ပြီးကူးနဲ့ တနေကုန် အလုပ်ရှုပ် နေတဲ့ ကျနော့်ကို အမေကရိပ်မိလာတယ်၊ မသွားဖို့ မလုပ်ဖို့ပြောတော့ ဟုတ်ကဲ့လို့ပဲ ခေါင်းညိတ်လိုက်တယ်၊ ညနေရောက်တော့ သိန်းထိုက်ရောက်လာပါတယ် သူနဲ့အတူ ဆရာကိုမျိုးလွင်ဆီကိုသွားပြီး မနက်ဖြန် ကျနော်တို့ စတော့မယ်လို့ ပြောလိုက်တော့ သူပြူးတူးပျာတာဖြစ်သွားပါတယ် “ အရမ်းလုပ်လို့မရဘူး စနစ် တကျ မလုပ်ရင် အားလုံးအဖမ်းခံကြရမယ်” လို့ပြောပါတယ်။ ညဆုံရပ်နေရာကို ကိုမျိုးလွင်ကိုပြောပြပြီး ပြန်လာခဲ့ပါတယ်။ အခြေအနေ သိရအောင်(၆)နာရီခွဲလောက်မှာ မြို့ထဲကို လမ်းထွက်လျှောက်တော့ ကျနော်တို့ သိုသိုသိပ်သိပ်စီစဉ်ထားသော ဆန္ဒပြမယ်ဆိုတဲ့ သတင်းကတမြို့လုံးကိုပျံ့နေပါတော့တယ်။ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပေါ့။ ညရောက်နေတော့ ရေဒီယိုက ဦးစိန်လွင် နုတ်ထွက်သွားပြီဆိုတဲ့ သတင်းကြားတော့ ဆန္ဒပြဘို့ ဆက်လုပ်ရမလား မလုပ်ရဘူးလား ကျနော်မဝေခွဲတတ်ဖြစ်နေပါတယ်။ နောက်နေ့မနက် ကျနော်အိပ်နေတာ အမေက တွေ့တော့ “ ကဲ--သပိတ်ခေါင်း ဆောင်ကြီး မထသေးဘူးလား” လို့ စသလိုလိုနဲ့ ကျနော်ဘာလုပ်မယ်ဆိုတာ သိချင်တဲ့ပုံနဲ့ စကားလာပြောပါတယ်။ ကျနော်က “ အမေကလည်း စိန်လွင်အစိုးရ ပြုတ်ကျသွားပြီလုပ်စရာမလိုတော့ဘူး” လို့ ပြန်ပြောလိုက်တော့ အမေကစိတ်အေးသွားပြီး သူ့အလုပ်သူ ပြန်လုပ်နေတာပေါ့။ ကျနော်လဲ လက်ဖက်ရည်သွားသောက်လိုက်အုံးမယ်ဆိုပြီး ပိုက်ဆံတောင်း ထွက်လာခဲ့ ပါတယ်။ စက်ဘီးနဲ့ပါတ်ကြည့်တော့ ကျနော်တို့စုရပ် ရွှေသာလျောင်း ဘုရားကြီးမှာ ဆန္ဒပြမဲ့ ကျောင်းသားတွေ မတွေ့ရပဲ ကျနော်ထင်မှတ်မထားတဲ့ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ ကိုတွေ့ရပါတော့တယ်။
ထောက်လှမ်းရေးကို လှည့်စားခြင်း
မိုးကောင်းမြို့ ရွှေသာလျောင်းဘုရားကြီးရဲ့ လမ်းတဖက်တွင် လက်ဖက်ရည်ဆိုင်များတန်းစီနေသည်။ ကျနော်တို့ လူတွေကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်တွေမှာ မနက်စာကိုစားသုံးရင်း အခြေအနေကို စောင့်ကြည့် နေကြပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ ကျူရှင်ဆရာကိုမျိုးလွင်ကိုတွေ့ရပါတယ်။ ကိုမျိုးလွင်က ကျနော့်ကို ခေါင်းတချက် ဆတ်ပြီး အခြေအနေကိုမေးပါတယ်၊ ကျနော်လည်းလက်ကာပြပြီးထွက်လာခဲ့ပါတယ်၊ ပါတီယူနစ် ရုံးရှေ့က စိမ်းဝါ လက်ဖက်ရည်ဆိုင်အနီးမှာ မြစ်ကြီးနားကောလိပ်မှာ တက်နေတဲ့ကျော်စိုး(ကျဆုံး)နဲ့ တွေ့တော့ သူက “ မင်းအစီအစဉ်ကိုဖျက် လိုက်တော့တဲ့” ကျနော်ဘာလုပ်ရမယ်မသိတော့ပဲ ထိုင်တွေဝေနေမိတယ်။ အဲဒီအချိန်မှာ စံရွှေမြင့်ဆိုတဲ့ သူငယ်ချင်း တယောက်ရောက်လာပြီး ကျနော့်ကို ဘာမပြောညာမပြော ပိတ်ဟောက်ပါတော့တယ်။ “မင်းကွာ လူတွေကို ခေါ်တုန်းကခေါ်ထားပြီး ဘာလုပ်နေတာလဲတဲ့ “ ကျနော်က လည်းပြန်ပြောလိုက်ပါတယ် “ဘာလုပ်ရမှန်းမသိလို့ ထိုင်းနေတာ” “ဒါဆိုငါ့နောက်လိုက်ခဲ့” ဘယ်ကိုလိုက်မှာ လဲလို့မေးလိုက်တော့ “ဒေဝကျောင်းကို” လို့ပြန်ပြောတယ် နောက်သူရှင်းပြတာက လ္ဘက်ရည်ဆိုင်မှာ သူက သုတ်ဿန်ကျောင်း(ဘုန်းကြီးကျောင်း)မှာ လူစုမယ်လို့ အများကြားအောင်ပြောလိုက်တော့ ထောက်လှမ်းရေး တွေက အဲဒီကို ရောက်ကုန်ပြီ ဒါကြောင့် သူနဲ့ဆန်းထွန်းတို့နေထိုင်ရာ ဒေဝဘုန်းကြီးကျောင်းမှာဆုံကြရန် ဆန်းထွန်းက လူစုထားတယ်ဆိုတော့ ကျနော်ထလိုက်သွားခဲ့ပါတယ်။
ရှားရှားပါးပါ တက္ကသိုလ်ကျောင်းသား
ကျနော်ရောက်တော့ ငါးယောက်လောက်သာရှိသေးသည် နောက်တော့ တယောက်စနှစ်ယောက်စ လာ ရောက်ကြရင်း လူ(၂၀)လောက် ဖြစ်လာတယ်။ ကျနော်လူလိုက်စုကထဲက ကျောင်းသူတွေကို လိုက်မစည်းရုံးပါ ဒါပေမဲ့ ကျနော့်တို့အတန်းထဲမှ ကျောင်းသူလေးယောက် ရောက်လာပါတယ်။ သူတို့ရောက်လာတော့ နင်တို့ ဘာဖြစ်လို့လာကြတာလဲ အန္တရယ်များတယ်လို့ပြောတော့ ကိုကြီးတို့တောင်လုပ်သေးတာ ညီမလေးတို့လဲ ပါရမယ် ကျောင်းသူ/သားတွေရဲ့အရေး အားလုံးနဲ့ဆိုင်တယ်ပါရမှာပဲတဲ့ ကျနော့်ကိုပြန်ရန်တွေ့တယ်။ သူတို့နဲ့ကျနော်က မောင်နှမတွေလို့ရင်းနှီးကြသောသူများ ဖြစ်ကြတယ်။ ဒါကြောင့် ကျနော့်ကို အတန်းထဲမှာလဲ ကိုကြီးဟုခေါ်ကြတယ်။ ဒီလိုနဲ့ (၂၀)ယောက်တော့ ကျော်လာပြီ။ လူ(၂၀)လောက်ဆိုရင်တော့ အဖမ်းခံရဖို့ များတယ် ကျနော်တို့မြို့က အမြဲတမ်းမာရှယ်လော(၁၄၄) ထုတ်ထားတဲ့မြို့ လူနည်းရင်တော့ ပစ်လည်း သတ်နိုင်တယ်။ ကျနော်အမျိုးမျိုး တွေးနေမိတယ်။ အဲဒီအချိန်မှာ နောက်ထပ်(၄)ယောက်ဝင်လာသည် တင်ထွေးက “အဲဒါ ကိုအောင်ကြီးပဲ(ယခု RCSS ဗဟိုကော်မတီဝင် ဗိုလ်မှူးအောင်မောင်) သူက မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်နေတာလို့ ပြောတော့ ကျနော်နဲနဲအားတက်လာပါတယ် ။ ကျနော်တို့ ဦးဆောင် ဆန္ဒပြမဲ့ ကျောင်းသားတွေပြန်ကြည့်လိုက်တော့ တချို့(၈)တန်း(၉)တန်း(၁၀)တန်း ကျောင်းသားတွေ ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား တယောက်ပါခဲ့တယ်။ အားလုံးလူစစ်ကြည့်လိုက်တော့ ယောင်္ကျားလေး က (၂၃)ယောက် မိန်းကလေးက(၄)ယောက်စုစုပေါင်းမှ (၂၇) ယောက် အဖမ်းတော့ခံရနိုင်သည်။ ရန်ကုန် နဲ့ တခြားမြို့ကြီးများမှ ကျောင်းသားတွေ တချို့အသက်တောင်စွန့် သွားကြပြီ တာဝန်ကျေသွားကြပြီ ကျနော်တို့ လက်ပိုက်ကြည့်နေလို့ မရတော့။
မဆလ အလံနဲ့ သူခိုးဓါးပြများ
ရောက်လာကြတဲ့ သူတွေအားလုံး တိုင်ပင်လိုက်ကြပါတယ်။ လူတော့နည်းတယ် မတတ်နိုင် ထွက်မှဖြစ် တော့မယ် ။ ဒါကြောင့် ကျနော်တို့ ချီတက်ရာလမ်းတွင် တွေ့တဲ့သူမှန်သမျှ အကုန်းဆွဲရန် သဘောတူ လိုက်ကြပါတယ်။ ကျနော်တို့ အားလုံးထွက်ကြမယ် ဘာမှမကြောက်ကြနဲ့ လမ်းမှာတွေ့တဲ့သူမှန်သမျှ အကုန် ဆွဲထည့် ပြောလိုက်သည်ဆိုရင်ပဲ အားလုံးက တပြိုင်နက်တည်း ပါလာသော ပဝါများ သင်္ဃန်းအစုတ်များဖြင့် မျက်နှာများတွင် စည်းလိုက်ကြပါတော့တယ်။ တချို့လည်း ပါလာသော နုတ်ခမ်းနီများ မိတ်ကပ်များဖြင့် ရုပ်ကိုမမှတ်မိအောင်ဖျက် လိုက်ကြပါတယ်။ ထွက်မဲ့သူတွေကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ အစိုးရကို ဆန္ဒပြမဲ့ ကျောင်းသားများနဲ့မတူ ရုပ်ရှင်ထဲက သူခိုး၊ ဓါးပြ တွေလိုဖြစ်သွားပြီး ကိုယ့်အချင်းချင်ပင် သေသေချာချာ မမှတ်မိတော့ ။ အလံတာဝန်ယူထားတဲ့ တင်ထွေးကို အလံထုတ်တော့လို့ ပြောလိုက်တော့ ကျနော်ထင်ထားတဲ့ ကြယ်ငါးပွင့်အလံမဟုတ်ဘဲ ကျနော်တို့ ဆန့်ကျင်သပိတ်မှောက်မဲ့ ကြယ်(၁၄)ပွင့် အလံဖြစ်နေတာကို သွားတွေ့လိုက်ပါတယ်။ “ဘယ်လိုလုပ်မလဲ ဒါမဆလအလံကြီး” လို့ ပြောတော့ “ဘာမှမဖြစ်ဘူး ဒီအလံနဲ့ ပဲထွက်မယ်” လို့တယောက်ကလှမ်းပြောလိုက်တယ်။ အလံကိုတော့ (၈)တန်း ကျောင်းသား ဇော်လင်းက ကိုင်ပြီးအရှေ့ထွက်လိုက်ပါတယ်။ ကျနော် လိုက်ဝေထားသောကြွေးကြော်သံမှာ စိန်လွင်အစိုးရ နေရာမှာ စိန်လွင်အစိုးရပြုတ်ကျသွားပြီဖြစ်တဲ့အတွက် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေးလို့ အစားထိုးကာ ပြင် လိုက်ကြတယ် ။ မိုးကောင်းမြို့ဒေဝဘုန်းကြီးကျောင်းဝတွင် ထွက်ရန်စီလိုက်ကြပါတယ်။ ကျနော် တို့အာလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ ခံပြင်းမှုတွေရောပြွန်းနေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။ ကြွေးကြော် သံကို တိုင်လိုက်သည်ဆိုရင် ပဲ ကျနော်တို့ (၂၇)ယောက်၏အသံသည် လူပေါင်းရာထောင်ချီ အော်သည့်အလား မိုးကောင်းမြို့တမြို့လုံးကို ပဲ့တင်ထပ်သွားပါတော့တယ်။
စစ်တပ်နဲ့ ထိပ်တိုက်တွေ့ကြပြီ
သပိတ် သပိတ် မှောက်မှောက် မီးဒုတ် မီးဒုတ် ရှို့ ရှို့ လို့ ကျနော်တို့ရဲ့ ကြွေးကြော်သံကို အော်လိုက်သည်နှင့် တပြိုင်နက်တည် တမြို့လုံးမှာရှိတဲ့ ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင်တွေပါမကျန် အကုန်ပိတ်သွား သည်ကို တွေ့မြင်လိုက်ရပါတယ်။ လမ်းသွားလမ်းလာတွေလည်း မတွေ့ရတော့ပါ အိမ်တွေကို ကြည့်လိုက်တော့ တံခါးတွေပိတ်ပြီး တချို့ကချောင်းကြည့်နေကြတာကိုတွေ့ရပါတယ်။ မိုးကောင်းတမြို့လုံး သုတ်ဿန် တစပြင် ကဲ့သို့တိတ်ဆိတ် ငြိမ်သက်သွားတော့တယ်။ ကြွေးကြော်သံကို တိုင်ပြီးချီတက်ခဲ့ရာ ချီတက်ရာ လမ်းကြောင်း တွင် ကျနော်တို့ဆွဲထည့်ရမည့်သူ ခွေးတကောင် ကြောင်တမြီးမှမတွေ့ မြို့တပါတ်ရသွားသော်လည်း ၀င်လာ သူမရှိ။ နောက်မှ ကျနော်သိလိုက်သည်တာက ကျနော်တို့ရဲ့ မီးဒုတ် မီးဒုတ် ရှို့ရှို့ လို့တိုင်လိုက်တဲ့ ကြွေးကြော် သံကြောင့် လူတွေအားလုံးကြောက်လန့်ကုန်ကြတယ်လို့ သိလိုက်ရပါတယ်။ ကျနော်တို့ အထက(၂) ကျောင်း ဖက်ကို ဆက်ချီတက်လာခဲ့ပြီး ကျောင်းက မြို့ထဲဖက်ပြန်အ၀င်မှာ လက်နက်အပြည့်အစုံနဲ့ စစ်ကားတစီး ကျနော်တို့ချီတက်လာရာလမ်းကို ပိတ်ရပ်လိုက်ပါတော့တယ်။ ကားပေါ်မှ စစ်သားများဆင်းလာပြီး ပစောက် ပုံစံနေရာယူလိုက်ကြကို တွေ့လိုက်ရပါတယ်။ သူတို့ပါလာတဲ့ G.3 သေနတ်အသစ်စက်စက်များကို (ဖြောင်းးးဖြောင်းးးဖြောင်း) မောင်းတင်လိုက်သော အသံများကြောင့် ကျနော့်ရဲ့ နှလုံးခုန်နှုန်းမှာ မီးရထားအစင်း တရာ ခုတ်မောင်းသွားသည့်အလား တဒိတ်ဒိတ်နဲ့ ခုန်နေပါတော့တယ်။ ကျနော်တို့ သပိတ်စစ်ကြောင်း သည်လည်း ခေတ္တမျှရပ်ဆိုင်းသွားပါတယ်။
အရေးကြုံရင် ပြာယာခတ်တတ်သော ကျနော့်အကျင့်ကြောင့် က�¿
ကိုမင်းဌေးဖေ.ဘုတ်ခ်မှကူးယူဖေါ်ပြထားပါသည်။
Subscribe to:
Comments (Atom)