အိုးဝေ
Sunday, January 20, 2013
အိုဘားမားမြန်မာပြည်မိန့်ခွန်း (အပိုင်း ၁)
နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၂ ။ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး၏ သမတအိုဘားမားမှရန်ကုန်တက္ကသိုလ်တွင်မိန့်ခွန်းကောက် နှုတ်ချက်။ အိုဘားမား။ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမင်္ဂလာပါ။ (လက်ခုပ်သံများ)။ ကျွန်တော်ခင်ဗျားတို့နိုင်ငံကိုပထမဆုံးအမေရိကန်သမတအနေနဲ့လာရောက်ပြီးဒီရန်ကုန်တက္ကသိုလ်ကြီးမှာစကား ပြောခွင့်ရတဲ့အတွက်အလွန်ဘဲဂုဏ်ယူမိပါတယ်။ ခင်ဗျားတို့နိုင်ငံရဲ့အရေးပါမှုကြောင့်ကျွန်တော်ရောက်လာတာ ဖြစ်တယ်။ ခင်ဗျားတို့ဟာအရှေ့အာရှနဲ့တောင်အာရှရဲ့အဓိကကျတဲ့ဘက်နှစ်ဖက်ဆက်နေတဲ့လမ်းဆုံနေ ရာမှာ ရှိနေတယ်။ ခင်ဗျားတို့ဟာကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံကြီးတွေ (တရုပ်၊အိန္ဒိယ - စာရေးသူ) ကြားမှာ ရှိနေ ခဲ့တယ်။ ခင်ဗျားတို့မှာ ထောင်နဲ့ချီပြီးသမိုင်းရှိခဲ့တယ်။ နောက်ပြီးနိုင်ငံကိုအမြန်တိုးတက်ပြီး ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံဒေသတခုအဖြစ်လာအောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်လဲရှိကြပါတယ်။ ကျွန်တော်ဒီနိုင်ငံရဲ့မတူကွဲပြားမှုတွေနဲ့အလှအပတွေကြောင့်လာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းကကျွန်တော် မြင်ခဲ့တာကတော့ရွှေရောင်တောက်ပနေတဲ့ကြည်ညိုစရာရွှေတိဂုံဘုရားကြီးပါဘဲ။ ဒီဘုရားကြီးကိုကြည့်ပြီး တိုင်းတာလို့မရတဲ့မေတ္တာနဲ့ ဒီကမ္ဘာမှာ ကျွန်တော်တို့ရှင်သန်နေတဲ့ အချိန်အတွင်း သည်းခံခြင်း၊ ချစ်ခင်ခြင်း တို့နဲ့ စိတ်ရှည်ရှည်ထားပြီးလုပ်ရမယ်လို့ယုံကြည်တယ်။ ဒီမြေဟာဟိုး လူဦးရေထူထပ်တဲ့အိမ်နီးချင်းနိုင်ငံများကနေ ဒီရှေးမြို့ဟောင်းအထိရောက်ရှိလာပြီးကျေးရွာပေါင်း ၆၀၀၀၀ကျော် ရဲ့အိမ်ယာများဖြစ်လာခဲ့တယ်။ ဟေမဝ န္တာ တောင်တန်းထိပ်စွန်းမှ ကချင်တောတောင်များဆီသို့၊ ထိုမှတဆင့်ဧရာ ဝတီမြစ်ကြီးရဲ့ကမ်းပါးများအထိရှိ နေခဲ့တယ်ဆိုတာကျွန်တော်သိတယ်။ ကျွန်တော်ဒီတက္ကသိုလ်ကြီးကိုလေးစားတဲ့အတွက်ဒီကိုလာရောက်ခဲ့တာဖြစ်တယ်။ ဒီ ကျောင်းကြီးမှာကိုလိုနီ စံနစ်ကိုစတင်ဆန့်ကျင်မှုတွေအစပြိုးခဲ့တာဖြစ်တယ်။ အောင်ဆန်းဟာလွတ်လပ်ရေးလှုပ်ရှာျးမှု မစခင်က ဒီကျောင်းကြီးမှာမဂ္ဂဇင်းအယ်ဒီတာလုပ်ခဲ့သူဖြစ်တယ်။ ဒီကျောင်းကြီးမှာဘဲဦးသန့်ဟာကမ္ဘာ့အရေးအခင်းတွေ ကိုကုလသမဂ္ဂမှာဦးဆောင် ညွှန်ကြားလမ်းညွှန်မှု တွေ မလုပ်ခင် လေ့လာသင်ကြားခဲ့သူဖြစ်တယ်။ ဒီနေရာဟာလွန်ခဲ့တဲ့ရာစုနှစ်များကကျောင်းသားပညာတတ်တွေနဲ့စည်ကားခဲ့တဲ့နေရာဖြစ်တယ်။ (အခုတော့မစည်ကားတော့ဘူး- စာရေးသူမှတ်ချက်) ကျောင်းသားတွေဟာသူတို့ရဲ့ရပိုင်ခွင့်တွေအခြေခံလူ့အခွင့်အရေးတွေကိုတောင်းဆိုခဲ့တဲ့နေရာဖြစ်တယ်။ အခုခင်ဗျားတို့လွှတ်တော်ကြီးဟာဒီတက္ကသိုလ်ကြီးကိုပြန်လည်ရှင်သန်လာအောင်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ၊ ဒါကြောင့်ဒီတက္ကသိုလ်ကြီးဟာသူ့ရဲ့ကြီးမြတ်မှုကိုပြန်လည်ရယူရမယ် ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံရဲ့အနာဂါတ် ဟာဒီနိုင်ငံမှာရှိတဲ့လူငယ်တွေကဘဲဆုံးဖြတ်မှာဖြစ်လို့ဘဲ။ ကျွန်တော်ဒီကိုလာတာကျွန်တော်တို့နှစ်နိုင်ငံကြားမှာတည်ရှိနေတဲ့သမိုင်းဆိုင်ရာဆက်နွယ်မှုကြောင့်ဖြစ်တယ်။ ရာစုနှစ်ကျော်ကျော်ကအမေရိကန်ကုန်သည်တွေ၊ဘာသာရေးမစ်ရှင်တွေဟာ ၊ ကုန်သွယ်မှုတွေ ၊ ဘာသာရေး အရယုံကြည်တည်ဆောက်မှုတွေနဲ့ မြန်မာပြည်သားတွေနဲ့ပေါင်းစည်းခဲ့ကြတယ်၊ မိတ်ဆွေများအဖြစ်တည် ဆောက်ခဲ့ကြတယ်။ ထို့အပြင်ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာလဲ ဒီနိုင်ငံရဲ့စည်းမျဉ်းပိုင်နက်အတွင်းထဲမှာ ဘဲ ကျွန်တော်တို့ရဲ့လေယဉ်ပိုင်းလော့တွေတရုပ်ပြည်ကိုပျံသန်းရင်းမြောက်များစွာသောကျွန်တော်တို့ရဲ့ရဲဘော် တွေဟာသူတို့ရဲ့အသက်တွေကိုပေးဆပ်ခဲ့ကြရတယ်။ ကျွန်တော်တို့နှစ်နိုင်ငံစလုံးဟာဗြိတိသျှအင်းပါယာမှလွတ်မြောက်လာကြတာဖြစ်တယ်။ အမေရိကန်နိုင်ငံဟာဗမာ ပြည်လွတ်လပ်ရေးရတဲ့အခါပထမဦးဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံလဲဖြစ်ခဲ့ပါတယ်။ အမေရိကန်စင်တာကိုထူထောင် ပြီး ဒီလိုကျောင်းတော်ကြီးနဲ့ပညာရေးဖလှယ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်အထူးဘဲဂုဏ်ယူမိပါတယ်။ ဆယ်စုနှစ်များ အတွင်းမတူညီမှုများရှိခဲ့သော်လည်းအမေရိကန်များဟာဒီနိုင်ငံနဲ့ပြည်သူတွေအပေါ်ကိုယ်ချင်းစာနာမှုများကြင်နာသနားမှုများထားခဲ့ကြပါတယ်။ အဲဒါတွေအားလုံးရဲ့အထက်မှာကျွန်တော်ပြောလိုတာကတော့ကျွန်တော်ဒီကိုလာခဲ့တာအမေရိကန်တွေရဲ့လူ့ဂုဏ်သိက္ခါအပေါ်ယုံကြည်လေးစားမှုကြောင့်ဘဲဖြစ်တယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်းကျွန်တော်တို့နှစ်နိုင်ငံ ဟာ သူစိမ်းတွေလိုဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောနိုင်တာကကျွန်တော်တို့ဟာဒီနိုင်ငံရဲ့ပြည်သူတွေအပေါ် မှာအမြဲတမ်းမျှော်လင့်ချက်ထားနေတုံးပါဘဲ။ ခင်ဗျားတို့အတွက်ပေါ့။ ခင်ဗျားတို့ကမျှော်လင့်ချက်တွေပေးခဲ့တယ်ကျွန်တော်တို့ကခင်ဗျားတို့ရဲ့သတ္တိကိုအသိအမှတ်ပြုအားပေးခဲ့တယ်။ ကျွန်တော်နိုင်ငံအရေးလှုပ်ရှားသူတွေအဖြူရောင်ဝတ်စုံတွေဝတ်ပြီးသူတို့ရဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတနင်္ဂနွေ နေ့မှာတွေ့ တာသိသလို၊ ဘုန်းတော်ကြီးတွေအဝါရောင်ဝတ်စုံတွေနဲ့ငြိမ်းချမ်းစွာဆန္ဒပြတာကိုလဲတွေ့ခဲ့ပါတယ်။ သာမန်အရပ်သားတွေကိုယ်ထူကိုယ်ထလုပ်ပြီးဆိုင်ကလုံးမုန်တိုင်းဒါဏ်ခံရတဲ့နေရာတွေမှာကူညီထောက်ပံ့ခဲ့တာ တွေ ၊ ကျောင်းသားတွေရဲ့အသံတွေ၊ ဟစ်ဟော့အနုပညာရှင်တွေရဲ့လွတ်လပ်ရေးရရှိဖို့တေးသံတွေကိုကြားသိရ ပါတယ်။ ပြည်ပမှာအခြေချနေထိုင်တဲ့နိုင်ငံရေးလုပ်နေသူတွေ နဲ့ ဒုက္ခသည်တွေဟာသူတို့နိုင်ငံနဲ့ဘယ်တုံးက မှ အဆက်အသွယ်မပြတ်ခဲ့ဘူးဆိုတာလဲကျွန်တော်တို့သိရှိပါတယ်။ ထို့အပြင်ကျွန်တော်တို့ဟာအလွန်သူရသတ္တိရှိ ပြီးလေးစားထိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့နှိုးဆော်မှုကြောင့်နဲ့သူမရဲ့သက်သေပြချက်ဖြစ်တဲ့ဘယ်လူသားကို မဆို သူ့နှလုံးသားထဲမှာတောက်လောင်နေတဲ့ယုံကြည်ချက်ကြောင့်အကျဉ်းကျမခံသင့်ဘူးဆိုတာကိုလက်ခံတယ်။ ကျွန်တော်သမတအဖြစ်ရုံးတက်ရတဲ့အခါ ၊ ကျွန်တော်က လူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နေတဲ့အစိုးရ တွေကိုအကြောင်းကြားလိုက်တယ်၊ ကျွန်တော်ရဲ့သမတအဖြစ်ကျမ်းကြိမ်ပွဲမှာ -“ခင်ဗျားတို့ရဲ့ဆုပ်ထားတဲ့လက်တွေကိုဖွင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ကလက်ကမ်းဖို့အဆင်သင့်ပါဘဲ” လို့ပြောခဲ့ပါတယ်။ ခင်ဗျားတို့နိုင်ငံမှာလွန်ခဲ့တဲ့တနှစ်ခွဲလောက်အတွင်းမထင်မှတ်တဲ့ပြောင်းလဲမှုတွေစတင်လာခဲ့ပါတယ်။ အာဏာရှင်အနေနဲ့နှစ်ငါးဆယ်လောက်ဖိနှိပ်အုပ်ချုပ်ထားမှုဟာလျော့ကျလာခဲ့ပါပြီ။ သမတဦးသိန်းစိန်လက် ထက်မှာပြောင်းလဲချင်တဲ့စိတ်ဓါတ်ဟာပြုပြင်ပြောင်းလဲရေးဆိုတဲ့လုပ်ငန်းစဉ်နဲ့လာပြီးကိုက်ညီနေခဲ့ပါတယ်။ အရပ်သားတွေဟာအခုအစိုးရကိုဦးဆောင်နေပါပြီ ၊ ထို့အပြင်ပါလီမန်ကလဲသူ့လုပ်ပိုင်ခွင့်နဲ့ သူရှိ နေပါပြီ။ တချိန်ကမတရားသင်းဖြစ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာရွေးကောက်ပွဲကိုဝင်နိုင်ခဲ့ပြီး၊အောင်ဆန်းစုကြည် ဟာလဲပါလီမန်ထဲမှာအမတ်တယောက်ဖြစ်နေပါပြီ။ ရာပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားများလဲ လွတ် မြောက်လို့လာခဲ့ပြီး ၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကိုလဲပိတ်ပင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ယာယီအပစ်အခတ်ရပ်စဲမှုတွေလုပ်ပြီး၊ ပိုမိုပွင့်လင်းတဲ့စီးပွါးရေးအရလိုအပ်တဲ့ဥပဒေ အသစ် တွေကိုလဲပြဒါန်းနိင်ခဲ့ပါတယ်။ ဒီကနေ့ကျွန်တော်ဟာဂတိအတိုင်းမိတ်ဆွေအဖြစ်လက်ကမ်းကြိုဆိုခဲ့ပါတယ်၊ ရန်ကုန်မှာအမေရိကန်ဆိုင်ရာသံအ မတ်ကြီးရှိနေပါပြီ၊ စီးပွါးရေးပိတ်ဆို့မှုတွေကိုလဲလျော့ချလိုက်ပါပြီ၊ ပြည်သူတွေအတွက်အကျိုးရှိမဲ့အခွင့်အလန်းရှိ စေမဲ့ စီးပွါးရေးအကူအညီတွေကိုလဲပေးသွားပြီးကမ္ဘာ့တိုးတက်ကြီးပွားရေးအတွက်တွန်းအားကြီးတရပ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ဒီမှတ်တမ်းတင်လောက်တဲ့ခရီးလမ်းဟာအခုမှအစဘဲရှိပါသေးတယ်။ ဒီထက်အလှမ်းဝေး စွာသွားရအုံးမှာဖြစ်ပါတယ်။ အပေါ်ပိုင်းအဆောက်အအုံကစလိုက်တဲ့ပြုပြင်ပြောင်းလဲမှုဟာအောက်ခြေလူထု အဖွဲ့အစည်းတွေရဲ့သဘောထားလိုလားမှုတွေနဲ့ဆက်စပ်မှုရှိနေဖို့လိုပါတယ်။ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့တိုးတက်မှု မီးပွါးလေးဟာငြိမ်းမသွားသင့်ဘူး။ ပိုပြီး အင်အားကောင်းလာအောင် ပြုစု ပျိုးထောင် ပေးဖို့လိုတယ်၊ တောက်ပနေတဲ့ တောင်ပိုင်းကြယ် (ဓူဝံကြယ်) ကြီးလိုပြည်သူတွေအားလုံးအတွက်ဖြစ် စေရမယ်။ ခင်ဗျားတို့ရဲ့ဒီကိစ္စအတွက်အောင်မြင်အောင်ကြိုးစားမှုဟာအမေရိကန်နိုင်ငံအတွက်အရေးကြီးသလိုကျွန်တော့ အတွက်လဲအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာမတူညီတဲ့နေရာကလာကြပေမဲ့ ကိုယ်ကြိုက်တဲ့ခေါင်း ဆောင် ကိုရွေးချယ်နိုင်မှု၊ ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်လိုမှု၊ ပညာသင်ပြီးကောင်းမွန်စွာနေထိုင်နိုင်ဖို့၊ ကိုယ့်မိ သားစုနဲ့ကိုယ့်လူ့ပတ်ဝန်းကျင် ကိုချစ်မြတ်နိုးမှုစတဲ့တူညီတဲ့အိပ်မက်တွေကိုညီတူညီမျှ၊ မျှဝေနေကြတဲ့သူတွေပါ။ ဒါကြောင့်လွတ်လပ်ခြင်းဆိုတာ ရုပ်အကောင်အထည်မရှိတဲ့အတွေးအခေါ်မဟုတ်ဘဲ၊ လွတ်လပ်ခြင်း ဆိုတာလူသားတွေကိုတိုးတက်အောင်ပြုလုပ်ပေးတဲ့အရာဖြစ်တယ်၊ မဲပေးတဲ့ပုံးတခုသက်သက် မဟုတ် ဘဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့သက်ဆိုင်တယ်။ ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးသမတကြီးဖရင့်ကလင်ရို့စဘဲအမှန်တရားကိုသိတယ်။ သူကအမေရိကန် အရေးဟာမဲပေးခွင့်တခုထဲထက်ပိုတယ်လို့ပြောခဲ့တယ်။ သူကဒီမိုကရေစီဆိုတာကိုယ်ကြိုက်တဲ့လူကိုရွေး တာသက်သက်မဟုတ်ဘူး။ သူဟာကမ္ဘာကိုအခြေခံကျတဲ့လွတ်လပ်ခွင့်အချက်ကြီး ၄ချက် ကို လက်ခံဖို့ တိုက်တွန်းခဲ့တယ်။ ဒါတွေကတော့ ၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ် စွာရယူပိုင်ခွင့်၊ နဲ့ ကြောက်လန့်ကင်းကွာနေထိုင်နိုင်ခွင့်တို့ဘဲဖြစ်တယ်။ ဒီအချက်ကြီးလေးချက် ဟာတခု ကိုတခုကြံခိုင်မှုကိုဖြစ်စေပါတယ်။ ခင်ဗျားတို့ဟာဒီအချက်တွေအားလုံးကိုသဘောမပေါက်ဘဲနဲ့ဘယ် တခုကိုမှသဘောပေါက်နိုင်မှာမဟုတ်ဘူး။ ဒီအကြောင်းတွေဟာကျွန်တော်တို့အားလုံးအနာဂါတ်အတွက်ရှာဖွေနေကြတာဖြစ်တယ်၊ နောက်ပြီးပြည်သူတွေအတွက်လဲဖြစ်တယ်။ ဒါကြောင့်ဒီအကြောင်းကိုခင်ဗျားတို့ကိုဒီနေ့မှာပြောပြချင်တယ်။ ပထမ၊ ကျွန်တော်တို့ဟာလွတ်လပ်စွာကိုယ့်ဆန္ဒကိုထုတ်ဖေါ်ခွင့်ရှိတယ်ဆိုတာကိုယုံကြည်ရမယ်။ ဒါမှသာသာမန်ပြည်သူတွေရဲ့အသံကိုကြားရမှာဖြစ်တယ်။ အဲဒီအခါအစိုးရကပြည်သူရဲ့ဆန္ဒကိုတုံ့ပြန်ရမယ်။ ဒါဟာပြည်သူ့ဆန္ဒဘဲ။ အမေရိကန်မှာရာစုနှစ်၂ ဆက်ကျော် ကျွန်တော်တို့ဟာပြည်သူတွေအတွက်ဒီဂတိကိုစောင့်ထိန်းနိုင်ဖို့ အလုပ် တွေလုပ်ခဲ့ကြတယ်။ ကျွန်ပြုသူတွေထံကကျွန်ဘဝကလွတ်မြောက်အောင်လုပ်ခဲ့ကြတယ်။ မိန်းမတွေနဲ့ အမေရိကန်လူမဲတွေမဲပေးခွင့်ရအောင်နဲ့ အလုပ်သမားတွေရဲ့အဖွဲ့အစည်းဖွဲ့စည်းနိုင်ခွင့်ကိုကာကွယ် ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့နှစ်နိုင်ငံလုံးဟာဒီအချက်တွေအားလုံးကိုမတူညီတဲ့ကိုယ့်နည်းကိုယ့်ဟန်နဲ့ရယူနိုင်ခဲ့ကြတယ်။ ဒါပေမဲ့သံသယမရှိနိုင်တဲ့အချက်ကတော့ပြည်သူ့အားလုံးရဲ့ထောက်ခံမှုကိုရယူနိုင်မယ်ဆိုရင်ခင်ဗျားတို့နိုင်ငံဟာ အင်အားရှိလာမှာအမှန်ပါဘဲ။ ဒါဟာတိုင်းပြည်တွေဘယ်လိုအောင်မြင်မှုကိုရလာစေတယ်ဆိုတာကိုပြတာပါဘဲ။ ဒါကြောင့်ဒီပြုပြင်ပြောင်းလဲမှုကဒီအလုပ်တွေကိုစလုပ်ရမှာဖြစ်တယ်။ ပြည်သူတွေကိုဖိနှိပ်ထားခြင်းထက်၊ ပြည်သူတွေရဲ့စုဝေးပိုင်ခွင့်ကိုအပြည့်အဝလေးစားလိုက်နာ ခွင့် ပြုခဲ့ခြင်း။ အသံတိတ်အောင်လုပ်ထားခြင်းထက်၊ မီဒီယာတွေကိုဆင်ဆာလုပ်ပိတ်ပင်ထားခြင်းကိုဆက် လက်ပြီး ဖွင့်ပေးလာခြင်း ဆိုတဲ့ဒီလိုအချက်တွေကိုဆက်ပြီးလုပ်လာလှမ်းလာခဲ့မယ်ဆိုရင်မိမိကိုယ်ကိုတိုးတက် လာစေမှာအမှန်ဖြစ်တယ်။ ပြည်သူများရဲ့မြစ်ဆုံဆည်စီမံကိန်းဆည်တည်ဆောက်မှုအပေါ်သဘောထားကိုလှစ် လျှူ မရှုဘဲအသိအမှတ်ပြုခြင်း၊နိုင်ငံရေးပါတီတွေကိုပိတ်ပင်ပြီးတရားမဝင်အသင်းများကြေငြာခြင်းထက်ပါဝင်ခွင့် ပေးခြင်းတို့ကိုကြည့်လျှင်တိုးတက်လာတာကိုတွေ့ရမှာဖြစ်တယ်။ မဲပေးသူတယောက်ကပါလီမာန်ရွေးကောက်ပွဲ အတွင်း “ကျွန်တော့်မိဘဘိုးဖွားတွေဒီအချိန်ကိုစောင့်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့တွေ့မသွားရှာဘူး” လို့သူက ပြော ခဲ့ပါတယ်။ အခုခင်ဗျားတို့တွေ့ကြုံရပြီ၊ လွတ်လပ်ခြင်းဆိုတဲ့အရသာကိုမြီးစမ်းကြည့်ခွင့်ရပြီ။ နောက်ပြီးအာဏာရထားတဲ့သူတွေကမဲဆန္ဒရှင်တွေရဲ့လွတ်လပ်မှုကိုထိန်းချူပ်ထားမှု မလုပ် ဘဲ ကာကွယ် ရမယ်။ အမေရိကန်ရဲ့စံနစ်ကဒီလိုပုံစံနဲ့လုပ်ထားတာဖြစ်တယ်။အခြားဘယ်သူကိုမှစစ်တပ်ကိုအမိန့်ပေးပိုင်ခွင့်ကိုပေးမထားဘူး။ သမတအနေနဲ့ရောစစ်ဦးစီးချုပ်အနေနဲ့ရော ကျွန်တော့မှာတာဝန်ရှိတယ်ဘာကြောင့်လဲဆိုတော့ပြည်သူ့ကိုတာဝန်ခံထားသူဖြစ်လို့ပါဘဲ။ နောက်ပြီးတဖက်ကကြည့်ရင်လဲသမတဖြစ်သော်လဲကျွန်တော်လုပ်ချင်တာကိုလွှတ်တော်မှာဝင်ပြီးစွက်ဖက်လို့မရဘူး။ အမေရိကန်လွှတ်တော်မှာတခါတလေကျွန်တော်လုပ်ချင်တာတွေဖြစ်စေချင်တယ်လုပ်နိုင်ခွင့်ရဖို့မျှော်မှန်း ခဲ့ဘူးတယ်။ဥပဒေပြုအဖွဲ့မှာသူ့အာဏာနဲ့သူရှိတယ်၊ သူ့လုပ်ပိုင်ခွင့်နဲ့သူရှိတယ်။ ဒါကြောင့်သူတို့ကကျွန်တော့် အာဏာ ကိုစောင့်ကြည့်စူးစမ်းတယ်၊ အာဏာချိန်ခွင်ကိုထိန်းပေးတယ်။ ကျွန်တော်တချို့တရားသူကြီး (အဆင့်မြင့်ဆုံးဗဟိုတရားရုံးတရားသူကြီးချုပ်များ - စာရေးသူ) တွေကိုခန့်အပ်ပေးရပေမဲ့ကျွန်တော် ကသူတို့ကိုဘယ်လိုဆုံးဖြတ် ရမယ်ဆိုတာပြောပိုင်ခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုတော့အမေရိကမှာရှိတဲ့ဆင်းရဲ သားခလေးငယ်ကအစ ကျွန်တော်အထိ၊ အမေရိကန်သမတအထိ တရားဥပဒေအောက်မှာတန်းတူဘဲဖြစ်တယ်။ တရားသူကြီးကလဲကျွန်တော်ဟာတရားဥပဒေကိုလိုက်နာနေသလားချိုးဖေါက်နေသလားဘဲကြည့်တယ်။ ကျွန်တော်ကလဲတရားဥပဒေကိုအပြည့်အဝလိုက်နာတယ်။ ကျွန်တော်အမေရိကန်စံနစ်ကိုဘာကြောင့်ရှင်းပြရသလဲဆိုတော့ခင်ဗျားတို့ရယူခံစားထိုက်တဲ့အနာဂါတ်ကိုဘယ်လိုသွားရမလဲဆိုတာကိုသိဖို့အတွက်ဘဲဖြစ်တယ်။ ဒီအနာဂါတ်ဟာယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့အကျဉ်း သားတယောက်ရှိနေရင်တောင်သိပ်များနေပြီးလို့ပြောရမဲ့ခေတ်ဖြစ်တယ်။ ခင်ဗျားတို့အနေနဲ့တရားဥပဒေဟာဘယ်ခေါင်းဆောင်တဦးဦးထက်ဖြစ်ဖြစ်ပိုမိုမင်အားကြီးတယ်ဆိုတဲ့အနာဂါတ်ကို ရောက်အောင်သွားကြရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ဒီအရာဟာပြည်သူတွေကိုကာကွယ်မှုပေး ထားလို့ ဖြစ်တယ်။ ခင်ဗျားတို့အနေနဲ့ဘယ်ကလေးသူငယ်မှကလေးစစ်သားမဖြစ်စေရ၊ ဘယ်မိန်းခလေးမှအခွင့်အရေး ယူ ခေါင်းပုံဖြတ်ခြင်းမခံရဘဲတရားဥပဒေကသူတို့ဟာအားနည်းသူဖြစ်စေ၊အင်အားအရှိသူဖြစ်ပစေကာကွယ်မှုပေးနိုင်တဲ့အနာဂါတ်ကိုရောက်အောင်သွားကြရမှာဖြစ်တယ်။ အနာဂါတ်မှာအမျိုးသားလုံခြုံရေးကိုတပ်မတော်ကစောင့်ရှောက်ပြီးအရပ်သားအုပ်ချုပ်ရေးအောက်မှာရှိနေသလိုအ ခြေခံဥပဒေကလဲပြည်သူကရွေးချယ်ပေးလိုက်သူကသာအုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုအာမခံရလိမ့်မယ်။ ဒီခရီးမှာ၊ အမေရိက ကနေခင်ဗျားတို့ခြေလှမ်းတိုင်းကိုထောက်ခံအားပေးသွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့အကူ အညီ ထောက်ပံ့မှုတွေနဲ့ လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေကိုအားကောင်လာအောင်ပြုလုပ်ပေးသလို ခင်ဗျားတို့စစ်တပ်ကိုလဲ ထိတွေ့ဆက်ဆန်ပြီးတကယ့်ကျွမ်းကျင်သူတွေ၊ လူအခွင့်အရေးနားလည်သူတွေအဖြစ်ပြု စုပျိုးထောင်ကူညီသွားမှာဖြစ်ပါတယ်။ခင်ဗျားတို့ဒီမိုကရေစီရေးကိုပိုမိုမြှင့်တင်ပြီးစီးပွါးရေးတိုးတက်အောင်လုပ်လာတာနဲ့အမျှခင်ဗျားတို့နဲ့လုပ်ဖေါ်ကိုင်ဖက်အဖြစ်လက်တွဲသွားမှာဖြစ်ပါတယ်။ ဆက်တိုးလုပ်လာတာနဲ့အမျှဒီခရီးဟာခင်ဗျားတို့ကိုဒုတိယလွတ်လပ်မှုကိုရယူနိုင်ဖို့ကူညီလမ်းညွှန်ပါလိမ့်မယ်။အဲဒီ ခရီးကတော့လူသားတိုင်းလိုချင်တပ်မက်မှုမှကင်းဝေးနိုင်မှုဘဲဖြစ်ပါတယ်။ အာဏာမဲ့တွေနေတဲ့အကျဉ်းထောင်နဲ့အစာအိမ်ဟောင်းလောင်းဖြစ်ပြီးငတ်မွတ်ခံစားနေသူတွေနဲ့အလဲအလှယ် လုပ်ခြင်းဟာမလုံလောက်ပါဘူး။ ဒါပေမဲ့သမိုင်းကပြောခဲ့ပါတယ်ပြည်သူ့တင်မြှေက်သောအစိုးရ။ ပြည်သူမှ သက်ဆင်းလာသောအစိုးရ၊ ပြည်သူ့အတွက်အစိုးရသည်သာချမ်းသာကြွယ်ဝ ဖွံ့ဖြိုးရေးကိုစွမ်းစွမ်းတမန် လုပ် နိုင်ပါတယ်။ဒီအချက်ဟာကျွန်တော်တို့ရှာဖွေနေတဲ့ခင်ဗျားတို့နဲ့လက်တွဲချင်တဲ့အရာတွေဖြစ်ပါတယ်။ ရိုးရိုးသာမာန်လူတယောက်ကသူ့ရဲ့အနာဂါတ်အကြောင်းကိုပြောတဲ့အခါသူ့မြေကိုဒီအတိုင်းသိမ်းယူလို့မရနိုင်ဘူးလို့ပြောမှာဘဲ။ ဒါကြောင့်ဒီပြုပြင်ပြောင်းလဲရေးကိုပြောတဲ့အခါဒီနိုင်ငံကပြည်သူတွေဟာသူတို့ရဲ့အခြေခံပိုင်ဆိုင် ခွင့်ရှိရပါ့မယ်။ပိုင်ဆိုင်ခွင့်ကိုအာမခံရပါ့မယ်။မြေယာပိုင်ဆိုင်ခွင့်ကိုသူနေထိုင်ရာ၊အလုပ်လုပ်ရာနေရာအဖြစ်ပေးရပါ့ မယ်။ ထူးချွန်သူများကိုလုပ်ပိုင်ခွင့်များလွှတ်ပေးလိုက်တဲ့အခါ၊ လူတိုင်းအတွက်အခွင့်အရေးများရရှိလာခဲ့ပါတယ်၊ အမေရိကန် က ကုန်ုပဏီတွေကိုဒီမှာစီးပွါးရေးမလုပ်ဖို့ပိတ်ထားတာကနေလွှတ်ပေးလိုက်သလို ခင်ဗျားတို့ အစိုးရကလဲစီးပွါးရေးရင်းနှီးမြှုပ်နှံမှုများအပေါ်ချုပ်ချယ်ထားမှုကိုပယ်ဖျက်လိုက်ပြီ၊ ခင်ဗျားတို့စီးပွါးရေးကိုဖွင့်ပေး လိုက်တဲ့ ခြေလှမ်းကိုစလိုက်ပြီ။ ဒါကြောင့်ရင်းနှီိးမြှုပ်နှံမှုတွေခင်ဗျားတို့နယ်နမိတ်ထဲကိုတိုးဝင်းလာနေပါပြီ။ ဒီအတွက်ကြောင့်လူအများစီးပွါးရေးအဆင်ပြေလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီကိစ္စဟာအထက်ပိုင်းက လူတွေအတွက်တင်မဟုတ်ပါဘူးအားလုံးအတွက်ပါ ဘဲ။ ဒီလိုစီးပွါးရေးကြီးထွားဖွံ့ဖြိုးလာမှုမှာလူတိုင်းအတွက် အခွင့် အရေး ရှိပါတယ်၊ ခင်ဗျားအနေနဲ့ကြိုးစားလုပ်ကိုင်မယ်ဆိုရင်ခင်ဗျားအောင်မြင်လာမှာဘဲ။ ဒီအချက်ဟာဖွံ့ဖြိုးလာတာနဲ့အမျှ နိုင်ငံတခုကိုလျှင်မြန်စွာတိုးတက်လာစေတဲ့အချက်ဖြစ်တယ်။ ဒါပေမဲ့ဒီလိုတိုးတက်ဖွံ့ဖြိုးလာဖို့ဟာဖန်တီးတဲ့နေရာမှာအကျင့်ပျက်ချစားမှုတွေကိုထားပစ်ခဲ့ရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေအောင်မြင်မှုရလာနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာဘဏ္ဏာငွေသုံးစွဲမှုမြှင့် တင်ရာမှာထင်သာမြင်သာရှိခြင်းနဲ့ စက်မှုလုပ်ငန်းများဟာလဲပုဂ္ဂလိကပိုင်များဖြစ်ဖို့လိုတယ်။ ဦးဆောင်တဲ့နေရာမှာ ဥပမာအားဖြင့် အမေရိကန်အနေနဲ့ကျွန်တော်တို့ကုန်ပဏီတွေဟာဒီနိုင်ငံမှာစီးပွါးရေးလုပ်တဲ့ အခါမှာမြင့်မြင့်မားမားပွင့်လင်း ပြီး မြင်သာမှု ရှိရမယ် လို့ညွှန်ကြားထားခဲ့တယ်။ နောက်ပြီးကျွန်တော်တို့ဟာ ကမ္ဘာ့ဘဏ်နဲ့လဲပူးတွဲလုပ်ကိုင်နေပြီးစီးပွါးရေးလုပ်ငန်းရှင်လေးတွေကိုအားပေးဖို့နဲ့စီးပွါးရေးတိုးတက်လာအောင် အားပေးရင်းစီးပွါးရေးလုပ်ငန်းရှင်ကြီးများနဲ့အသေးစားလုပ်ငန်းလေးများဖွံ့ဖြိုးပေါ်ပေါက်လာဖို့အပြင်အလုပ်သမား တွေကိုသူတို့လုပ်ခများလုပ်သမျှရကြဖို့အထိပါဝင်ပါတယ်။ကျွန်တော်ဟာခင်ဗျားတို့အစိုးရကမကြာခင်ကကျွန် တော်တို့ခေါ်တဲ့ “အစိုးရချင်းပွင့်လင်းသောဆက်ဆံမှု”လို့ခေါ်တဲ့အုပ်စုကိုပူးပေါင်းပါဝင်ဖို့ဆုံးဖြတ်ခဲ့တာကို အ ထူးဘဲလက်ကမ်းကြိုဆိုလိုက်ပါတယ်။ ဒီလိုလက်ခံခဲ့တာကြောင့်ပြည်သူတွေဟာအစိုးရဟာတိုင်းပြည်အတွက်ဘယ်လိုငွေကြေးတွေကိုသုံးစွဲတယ်၊ဘယ် လောက်သုံးစွဲတယ်၊ ဘယ်လိုအုပ်ချုပ်နေတယ်ဆိုတာတွေကိုတိတိကျကျသိခွင့်ရကြမှာဖြစ်တယ် ဒါ့ထက်ပိုပြီးရှင်းပြရမယ်ဆိုရင်ခင်ဗျားတို့ရဲ့အသံတွေကိုအစိုးရကကြားမယ်ဆိုရင်ခင်းဗျားတို့လိုချင်တဲ့အခြခံလိုအပ် ချက်ရပြီလို့ဆိုနိုင်တယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာနေ့တဓူဝအစာငတ်မွတ်နေတဲ့သူတွေ၊ ဖျားနာနေမ ကောင်း ဖြစ်နေသူတွေ၊ လျှပ်စစ်မီး နဲ့ ရေ မရဘဲမှောင်ထဲမှာနေနေရသူတွေရဲ့အသံတွေကိုကြားဖို့လိုပါတယ်။ အမေရိက ကခင်ဗျားတို့နဲ့အတူတွဲပြီးဒီအလုပ်တွေကိုလုပ်သွားပါ့မယ်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment