ရွှေသာလျောင်း ဘုရားကြီးဝန်းအတွင်းက မိုးကောင်းသပိတ်စခန်း
စိတ်ကောက်ပြီး ပြန်သွားတဲ့ သူတွေရှိပါတယ်။ တချို့ကတော့ သူတို့ခေါင်းစည်းနဲ့ သူတို့ ယူလာကြတာကိုတွေရပါတယ် ။ လူတထောင်နီး ပါဖြစ်သွား သောကြောင့် စည်းကမ်းရှိကြဖို့ သပိတ်ကို ကျနော်တို့ ထိန်းရပါတယ်။ စင်ပေါ်တက်ပြီး တရားဟောတဲ့သူတွေကလည်း အရမ်းများ လာပါတယ်။ တမြို့လုံးက ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်းရခဲ့ကြပါတယ်၊ ဒါကြောင့် ကျနော်တို့ တရက်တာ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခြင်းကိုရပ်နားဖို့အတွက် ရွှေသာလျောင်း ဘုရားကြီးသို့ ချီတက်လာခဲ့ပါတော့ တယ်၊ ရွှေသာလျောင်း ဘုရားကြီး သို့ ရောက်သောအခါ သုံးရောင်ချယ် ကဒေါင်းအလံကို လွှင့်ထူကာ မိုးကောင်း ကျောင်းသားသပိတ်စခန်း ကို ဖွင့်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ညပိုင်းရောက်တော့ ကျနော်တို့ကို အားပေးကြတဲ့သူလာကြတာပေါ့ ကျောင်းသား တွေသာဦးဆောင်ရင် သူတို့ကနောက် လိုက်ပြီး သာပဲ ဒီတပါတီအာဏာရှင်အစိုးရကိုတော့ ပြုတ်အောင် တိုက်မှရမယ်လို့ လာပြောကြပါတယ်။ တချို့လာအားပေးတာက ထူးထူး ဆန်းဆ န်းဖြစ်နေပါတယ်။ “ဒီမိုကရေစီရမှာတော့သေချာနေပြီ ကျောင်းသားတွေ ရဲရဲတောက် ဆန္ဒပြကြတာ အိမ်တွေမှာ ကိုးကွယ်ထားတဲ့ အိမ်တွင်း နတ် ပါ မကျန်ဘူး သေချာတယ် သေချာတယ်” လို့ကြံကြံဖန်ဖန် လာအားပေးကြပါတယ်။ “ဘာဖြစ်လို့လဲလို့မေးလိုက်တော့” “အိမ်မှာကိုး ကွယ်ထားတဲ့ နတ်အုန်းကိုကာထားတဲ့ လိုက်ကာအနီတွေ မရှိတော့ဘူး မင်းတို့သပိတ်နဲ့ပါသွားပြီ အဲဒါကြောင့်ပြောတာပါတဲ့” နောက်မှ သိလိုက်ရတာ က ဆန္ဒလိုက်ပြချင်ကြတဲ့ လူငယ်တွေက ခေါင်းစည်းမရှိတော့လို့ သူတို့အိမ်မှာ နတ်အုန်းသီးကို ကာထားတဲ့ လိုက်ကာတွေ ကို သွားဖြုတ်ပြီး ခေါင်းစည်းလုပ်လိုက်ကြတယ်လို့ သိလိုက်ရပါတယ်။
ဟိုင်နန်ကျွန်းလဲ မိုးကောင်းသပိတ်မှာပါခဲ့တယ်
ကျနော်တို့ ခေါင်းချင်းရိုက်အစည်းဝေးများ ထိုင်ကြပြီး တာဝန်များကိုခွဲကြပြန်ပါတယ် သပိတ်စခန်းတွင်လုံခြုံရေး တာယူသူကယူ ပြည်သူ လူထု ကို သတင်းအချက်အလက်များ အချိန်မှီပြန်ကြားနိုင်အောင် ပြန်ကြားရေးအဖွဲ့ စသည်တို့ကို ကျနော်ဖွဲ့ပြီး တာဝန်ခွဲခဲ့ကြပါတယ်။ သပိတ်စခန်းတွင် ကိုမျိုးလွင်မှ သပိတ်ခေါင်းဆောင်တာဝန်ယှူု၍ နေ့စဉ်ဆန္ဒပြကြရန် အခုကာလ က စည်းရုံးရေးကာလဖြစ် သောကြောင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်လာဖို့ မိုးကောင်းမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများအထိ လူစုခွဲပြီး စည်းရုံးရေးဆင်း ကြရပြန် ပါတယ် ။ ကျနော်ရယ်၊ စံရွှေမြင့်ရယ် ကိုသန်းထူးအေး က မိုးကောင်းမြို့နဲ့ ၄မိုင်၅ ခန့်ဝေးသော ကျနော်တို့ မြို့နယ်တွင် စပါးအထွက် အနှုန်းအရမ်းကောင်းတဲ့ ရေရှင်နယ်ဖက် ရွာစဉ်တလျောက်ကို စည်းရုံးရေဆင်းကြ ရပါတယ်။ ဒီမိုကရေစီစံနစ်ကို တိုင်းပြည်မှာကျင့်သုံးရင် လယ်သမားတွေဘ၀ ဒီထက်မက မြင့်မားလာနိုင်တယ်။ လွတ်လပ်စွာ စိုက်ပျိုးခွင့် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား ခွင့်များရှိကြောင်း သိသလောက် တတ်သလောက် ရှင်းပြကြပါတယ်။ ဒေသခံတောင်သူတွေကို လိုက်လံစည်းရုံးရာတွင် တာဝန်ကျ စစ်တပ်က စာသင် ကျောင်း ကို အသုံးပြုခွင့်မပေးသောကြောင့်
လူထုလူတန်းစားအလွှာအသီးသီးပါဝင်လာတဲ့ မိုးကောင်းအထွေထွေသပိတ်
တအိမ်တက်ဆင်း စည်းရုံးကြပါတယ်။ ဒါကြောင့် ကျနော်တို့သပိတ် ကျောင်းသားများနဲ့ ဒေသခံတွေ ပိုမိုရင်းနှီးလာပါ တယ်၊ အောက်ြေ ခစစ်သား များကလည်း ကျနော်တို့မြင်ရင် သူတို့ထောက်ခံကြောင်း ဒီမိုကရေစီကို သူတို့ စစ်သားတွေလည်း လိုချင်ေ ကြာင်း မသိမသာလှမ်းပြောကြပါတယ်။ ကျေးလက်ရှိ တောင်သူလယ်သမားများ ကလည်း ကျောင်းသားတွေဦးဆောင်မှု နောက်က သူတို့ လိုက် မယ် ကျောင်းသားသပိတ်နဲ့ ပူပေါင်းကြမယ်လို့ သဘောတူကြပါတယ်။ ဒါကြောင့် အထွေထွေ သပိတ်နေ့များ တွင် ချီတက်ဆန္ဒဖော် ထုတ်ကြရန် ၁ ညအိပ် ၂ ရက် လိုက်လံ စည်းရုံးပြီး ကျနော်တို့ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ သပိတ်စခန်းပြန်ရောက်ေ တာ့ တခြား ကျေးရွာတွေဆီ စည်းရုံးရေး ဆင်းကြတဲ့ အဖွဲ့တွေလည်း ပြန်ရောက်လာကြပါတယ်။ ညပိုင်းရောက်တော့ လူထုကို စည်းရုံးရေး ဆင်းရေး ဆင်းကြတဲ့ သူ့အတွေ့အကြုံ ကိုယ်အတွေ့ကြုံတွေကို ပြန်ပြောဖြစ်ကြပါတယ်၊ ကျနော့်ကလည်း ကျနော်တို့ သွားစည်းရုံးတဲ့ ရွားတရွာဆို စစ်တပ်ကိုကြောက်လို့ ကျနော်တို့ ပြောမယ့်စကားကိုလာနားထောင်မဲ့သူမရှိဘူး တယောက်ပဲ လာနားထောင်းတဲ့အကြောင်း ၊ အဲဒီတယောက်ကို ကိုသန်းထူးအေးက တရားဟောလိုက်တာ အဲဒီရွာကသူတော့ မသိဘူး ကျနော်ကတော့ အိပ်ပျော်သွားတယ်ပြောတော့ ၀ိုင်းရယ်ကြပါတယ်။ ခင်ညို ကလည်းသူတို့ အတွေ့အကြုံကိုပြောပြပါတယ်။ သူတို့စည်းရုံးရေး ဆင်းတဲ့ရွာမှာ ကျော်စိုးက မာန်ပါပါနဲ့ တက်ပြော တာ မြန်မာပြည်က “မဆလ အစိုးရ ရောင်းစားထားတဲ့အထဲ ဟိုင်နန်ကျွန်းလည်းပါသွားပြီ ဟိုင်နန်ကျွန်းကိုလည်း ရအောင်ြ ပန်ယူ ရ မယ်”လို့ မစည်မဆိုင် လူထုကိုမိန်းခွန်းချွေလိုက်တော့ အားလုံးက မသိမသာဆင်းခိုင်းပြီး တခြားအကြောင်းတွေ စကား လမ်းကြောင်းလွှဲခဲ့ ရတဲ့အကြောင်းတွေပြန်ပြောတော့ ရယ်ခဲ့ ရတဲ့အဖြစ်တွေကို ကျနော် သတိရမိပြန်ပါတယ်။
ဒီလိုနဲ့ သြဂုတ်လ(၂၂) မှာကျနော်တို့ မိုးကောင်းမြို့တွင် တောင်သူလယ်သမား အလုပ်သမား ဆရာဝန် ရှေ့နေများ လူထု လူတန်း စားအလွှာအသီးသီး ပါဝင်တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဆန့်ကျင်တဲ့ လူအင်အားသောင်းနဲ့ချီသော အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာပါ တော့တယ်။ (ဆက်ရန်ရှိသေးသည်)
ကိုမင်းဌေးဖေ.ဘုတ်ခ်မှကူးယူဖေါ်ပြထားပါသည်။
No comments:
Post a Comment