အိုးဝေ
Thursday, January 17, 2013
ဒီမိုကရေစီ သိုင်းလောက(၂) ရေးသားသူ-စိုးမင်းနိုင်
ဆရာကြီး ဦစံလှရဲ့  ဗလငါးတန် ကိုယ်ခံအားကို ကျနော်တို့ က ကျင့်ထားခဲ့ဘူးတော့ ထိပေမယ့် အသက်ပါမသွားရအောင် ကြံစည်ရတော့တာဘဲ။ အင်္ဂုလိမာလ သိုင်းကွက်ကို ခင်းတဲ့အခါ ခင်းလိုက်။ တဇဂ် သိုင်းကွက်ကို ထုတ်တဲ့အခါ ထုတ်။ ဒါပေမယ့် ဥဒေတယျံ သိုင်းကွက်ကို မခင်းမိတော့ ဆွဲစား သိုင်းကွက်နဲ့ ခဏ ခဏ ဖမ်းချုပ်ခံနေခဲ့ရတာ။ ခုတော့ ကိုယ်ခံအားလဲ သိပ်မကောင်းတော့ဘူး ဆိုတော့ အရက်မူးသမား သိုင်း ကိုဘဲ ကျန်းမာရေးအရ ကျင့်ပါတယ်။ ဒီလိုချုပ်ကိုင်တဲ့စနစ်နဲ့ ကျနော် နဲ့ အဆင်မပြေဘူးဆိုတာကို သိပေမယ့် မလွတ်မြောက်တော့တခု ခု လုပ်နေဖြစ်တယ် ဆိုပါတော့။ ကျနော်က သိုင်းသမားတွေဆီကို ပြန်လာမယ်လို့  ဆုံးဖြတ်ပြီးသားလေ။ အဲဒီလို မဖြစ်နိုင်တဲ့အခါ ဒီနိုင်ငံမှာက ခလေး လုပ်တဲ့ စက် တလုံးရှိနေတာက အကောင်းဆုံးဘဲ။ မပြန်နိုင်ခင်ကြားထဲ အကောင်းဆုံးစီးပွါးရေးပေါ့။ ၂ ယောက်ဆိုတော့ တယောက်က အလုပ်ရ တတ်ပါတယ်။ တဖက်က သိုင်းချ။တယောက်က တော့ စာသင်ပေါ့။ တယောက်အပို ထွက်လာရင်ကို ၂သောင်း ၇ ထောင်လောက်ပေးတာ။ ပန်းပေါင်းတရာနဲ့ ထိသွားတော့ အရှေ့ အလယ်ပိုင်း ကိုထိမ်းသိမ်းရတာခက်တာပေါ့။ တခြား ဂိမ်းကလေး တွေလဲ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် မူးနောက် ရီဝေ နေခဲ့ပြီဗျ။ ကျောင်းကလဲ မိန်းခလေး မဟုတ်ရင် မလွယ်တော့ဘူး။ စိတ်တူကိုယ်တူ မဟုတ်လို့  ပြန်မပြေးနိုင်ရင်တော့ ကိုယ့်ခလေးက သူတို့ နိုင်ငံက ပိုင်သွားမှာပေါ့လေ။ ကုလားတွေက အဲဒီလိုဘဲ ကပ်ပြီးတော့ ၂ ယောက် ယူထားတာ။ ၄ ယောက်လဲ ဖြစ်နိုင်ပါတယ်။ သူတို့ အချင်းချင်းနားလည်တယ်လေ။ ပြီးတာဘဲ။ ၀ါဒ ပြိုင်တဲ့ သူတွေက ၀ါဒပြိုင်၊ ကပ်ပြီးလုပ်လို့ ရတာကို လုပ်တဲ့လူက လုပ်။ ဒီနိုင်ငံသားတွေက ရော သူတို့ ဥပဒေ ကို အဲသလို ကပ်လျောက်တာကို သိသိကြီးနဲ့ လွတ်ထားရတော့ တင်းမှာပေါ့။ ဒီက ဥပဒေနဲ့ တော့ သူတို့ ဆီလို ဘယ်ရမလဲ။ ကျနော်လဲ အဲဒီမှာ ခလေးလုပ်တဲ့ စက်တလုံးလိုချင်တာနဲ့  သိုင်းကွက် တကွက်ခင်းလိုက်တာ စုပေါင်းတိုက်ကွက်နဲ့  ကျွန်တော့ကို ၀ိုင်းဆော်ကြပါရောဗျာ။ အတွင်းဒဏ်ရ ပါတယ်ဆိုပါမှ ဘယ်မှာလာ မနာကျင်ဘဲနေ ပါ့မလဲ။ အဲဒီမှာ သိုင်းဂိုဏ်းတွေရဲ့  အပြင်မှာဘဲ နေဖြစ်တော့တယ်။ လူမှုရေး အရက လွဲရင် မပတ်သက်ချင်တော့ဘူး။ လူ့ အခွင့် အရေးချိုးဖောက်ခံရပါတယ် ဆိုတဲ့ ကုလားတွေက ပတ်စပို့ စ်နဲ့ လာကြ တာဗျ။ ကျနော်တို့ က ပတ်စပိုစ့်ရှိတာ မဟုတ်ဘူး။ ပညာ မသင်ရတဲ့ ခလေးတွေ အတွက်လဲ တကယ်က နိုင်ငံထဲက လူမှုရေး နက်ခ် ၀ပ်တွေကဘဲ ကူညီတာပါ။ ကျနော်တို့ မျှော်လင့်ခဲ့တဲ့ ကမ္ဘာကြီးက လင်းပွင့်လာတာ သိပ်မကြာသေးသလို၊ အခြေခံ လူသားတွေ အတွက် မဟုတ်နိုင်သေးတာလဲ သေချာနေသေးတာဘဲ။ ပြီးတော့ သူတို့ ထဲက ဘယ်နှစ်ယောက်တိုင်းပြည်အတွက် ပြန်လာမလဲ ဆိုတဲ့ မျှော်လင့်ချက် က မသေချာလှပါဘူး။ န၀တ ရဲ့ ဆောင်ပုဒ် တခုလို ပါဘဲ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ပေါ့။ အဲဒီအင်အားတွေကို မဆုံးရှုံးရအောင် ထိမ်းသိမ်းတာ၊တိုးပွါးအောင်လုပ်တာ၊ ကိုယ်တနိုင်ပေါ့ ။ဘယ်တံဆိပ်ပဲ ကပ်ထားကပ်ထား တာဝန်ကျေနေတာဘဲ။ သိုင်းသမား ဆက်လုပ်မယ် ဆိုရင်လဲ ဆက်လုပ်ပေါ့ဗျာ။ သိုင်းသမားကောင်း ဖြစ်လာရင်လဲ အတ္ထုပ္ပတ္တိ ဖြစ်လာမှာပေါ့။ လူဆိုတာက အတ္တနဲ့ မကင်းပါဘူး။ အမှားလဲ မကင်းဘူး။ လက်နက်ချ စရာ လက်နက်ကလဲ မရှိဆိုတော့ လက်နက်ချသူလို့ လဲ ပြောလို့ မရပါဘူး အလင်းဝင်စရာ ရွာကလဲ မီးမရသေး။ အချိန်က စေ့သွားပြီ။ နိုင်ငံခြားသားလုပ်မလား ပြန်မယ်လားဆိုတာကို ဖြေရမယ့် အချိန်။ ပြန်မယ်ဆိုတာက အစကတည်းက ရွေးပြီးသားလေ။ အချိန်ကို စောင့်နေခဲ့တာ။ အဲဒီတော့ မှောင်ရိပ်ခိုဖို့ ၊တိုင်းပြည်အတွက် လိုအပ်ရင် ဓါးကိုင်ဖို့ ဘဲ ပြောရမလား။ မကောင်းပါဘူး။ နိုင်ငံကို ပြန်လာတယ်ပေါ့။ လူမှုရေး အဖွဲ့ အစည်းတွေက ဘဲ ကူညီနေတာပါ။ ကျနော်တို့ လို အပ်ခဲ့တဲ့အကူအညီကလဲ အဲဒါမျိုးပါဘဲ။ သတင်းတွေမှာ ဖတ်ရတာ ပီတိဖြစ်မိပါတယ်။ ယူဒီအိုင်က ဘော်လီဘော ပုတ်နေတာလဲ တနှစ်ကျော်လာပြီ။ အမှန်သည် အမှန်၊အမှားသည်အမှား အမှန်တရားဘက် က ပြားပြားမှောက်လျက် ရင်ဆိုင်နေရတာပေါ့ဗျာ။ မားမားရပ်နိုင်တဲ့အခါ မားမားရပ်လိုက်။ဒီလိုပါဘဲ။ အဲဒီတော့ အတွင်းဒဏ်ရာ ရထားပေမယ့် သိုင်းသမား ညာဉ်ကတော့ မပျောက်ပါဘူး။ မြန်မာသံရုံးက ပတ်စ်ပို့  ပို့ ပေးတဲ့ နေ့ မှာပြန်လာနိုင်မှာပါ။ သိုင်းဆက်ချဖြစ်မယ် မဖြစ်ဘူးကတော့ ကျန်းမာရေး အပြင် အတွင်းအားနဲ့ ပါ ဆိုင်ပါလိမ့်မယ်။ အာဏာရှင် လုပ်ချင်တယ်၊ အာဏာရှင်ကို ထိပ်တိုက်ရင်ဆိုင်ချင်တယ် ဆိုရင်တော့ အတုမဲ့ သိုင်းကျမ်းကို တတ်မြောက်ထားဖို့ လို သလို အတွင်းအားလဲ ကောင်းဖို့ လိုပါ လိမ့်မယ်။ စိုးမင်းနိုင်
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment