အိုးဝေ
Thursday, January 17, 2013
• ဗိုလ်ချူပ်အောင်ဆန်းတို့အမေဒေါ်စု
အာဇာနည်ခေါင်းဆောင်ကြီးများမှအာဇာနည်ညီအကို(၂)ဦးကိုမွေးထုတ်ပေးခဲ့သူမှာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချူပ် အောင်ဆန်းနှင့်ဗိုလ်ချူပ်အောင်ဆန်း၏အကိုဦးဘ၀င်းတိုးကိုမွေးထုတ်ပေးခဲ့သူမှာအာဇာနည်မိခင်ကြီးဒေါ်စုဖြစ်ပေသည်။အာဇာနည် ခေါင်းဆောင်ညီအကိုနှစ်ဦးကိုမွေးထုတ်ခဲ့သည့်ဒေါ်စု၏်ဘ၀မှာစိတ်ဝင်စားစရာလောကဓံများကိုကြံ့ကြံ့ခံနိုင်သူအဖြစ်မှတ်တမ်းတင်ရမည် ဖြစ်သည်။ဗိုလ်ချူပ်အောင်ဆန်းနှင့်ဦးဘ၀င်းတို့၏မိခင်ကြီးဒေါ်စုကို(၂၂.၇.၁၈၇၇)ရက်တွင်မကွေးခရိုင်၊နတ်မောက်မြို့ရှိမင်းဝိုင်းနေအိမ် အဘဦးမြအေး၊အမိဒေါ်သူဇာတို့ကမွေးဖွားခဲ့သည်။မွေးချင်း(၇)ဦးရှိပြီးသမီးအကြီးဆုံးဖြစ်သည်။တနင်္ဂနွေသမီးဖြစ်ပေမယ့်မိဘများကနေ့ သင့်နံသင့်မဟုတ်ဘဲ မစုဟု အမည်မှည့်ခေါ်ထားခဲ့ကြတယ်။ဒေါ်စု၏ဦးလေးတော်သူပင်းမြို့၊နတ်မောက်မြို့၊ကျောက်ပန်းတောင်းမြို့တို့၏ သုံးမြို့ဝန်ဦးမောင်ကအစုဟုခေါ်ပေသည်။ဒေါ်စု၏အောက်တွင်မောင်များဖြစ်သည့်ဦဖိုးသင်း၊ဦးငွေနိုင်၊ဦးငွေဆိုင်၊ညီမဒေါ်ယု၊ဒေါ်ပု၊ဒေါ် ခင်မေတို့ရှိပေသည်။ဒေါ်စုမှာအမေတူသမီးဖြစ်ရ်ျမျက်နှာသေးသွယ်ကာအသားညိုပြီးအရပ်မှာမနိမ့်မမြင့်ဖြစ်သည်။ကိုယ်ခန္ဒာအနေအထား မှာမပိန်လွန်း၊မ၀လွန်းဘဲကြည့်ရ်ျကောင်းသည်။ဒေါ်စုသည်စကားနည်းသူဖြစ်ပြီးမျက်နှာမှာကျက်သရေရှိကာခန့်ညားလှသည်။ဒေါ်စုသည် အမအကြီးဆုံးဖြစ်သည့်အပြင်သိက္ခာသမာဓိနှင့်ပြည့်စုံကာမွေးချင်းများအားလုံးကအမကြီးဟုခ်ါကြသဖြင့်အခြားသူများကလည်းအမကြီး လိုက်ခေါ်ခဲ့ကြသည်။ဒေါ်စုသည်ဗိုင်းကောင်းကျောက်ဖိအမျိုးသမီးဖြစ်ကာမိကောင်းဖခင်သားသမီးဖြစ်သည့်အတွက်မိဘများ၏စကားကို ကောင်းစွာနာယူတတ်ခဲ့သည်။သို့အတွက်ကြောင့်ပင်(၁၁)နှစ်သမီးအရွယ်ကပင်မြန်မာအမျိုးသမီးတို့တတ်အပ်သည့်ရက်ကန်းအတတ်ကို သူမတူအောင်တတ်မြောက်ခဲ့သည်။ဒေါ်စုသည်ရက်ကန်းအတတ်သာမကစက်ချူပ်အတတ်ကိုပါသင်ကြားခဲ့သည်။ဒေါ်စုအတွက်ကံဆိုး သည့်အချက်မှာသူတို့ခေတ်ကအမျိုးသမီးများမှာစာသင်ကြားမူအလေ့အထနည်းပါးသောကြောင့်စာရေးစာဖတ်ကိုပင်မတတ်မြောက်ခဲ့ရ ပေ။စာပေမသင်ကြားရ၇်ျစာမတတ်သော်လည်းဒေါ်စု၏မှတ်ဥာဏ်မှာလူတကာလက်ဖျားခါခြင်းခံရလောက်အောင်ကောင်းလှသည်။ဒေါ်စု ၏မိဘများသည်ရှေးလူကြီးများပီပီသမီးကညာအခါမလင့်စေနှင့်ဆိုသည့်အတိုင်းဒေါ်စုအသက်(၁၉)နှစ်တွင်နတ်မောက်မြို့အနောက်ပိုင်း ရှိတောင်သူကြီးဦးဒေးကိုနှင့်ဒေါ်ဆွဲလေးတို့၏တစ်ဦးတည်းသောသားဦးဖာနှင့်လက်ထပ်ထိမ်းမြားပေးခဲ့သည်။ဒေါ်စုမှာမိဘနှစ်ပါသဘော တူလို့သာအကြောင်းပါရသော်လည်းလက်မထပ်မီအချိန်ကဦးဖာကိုတစ်ချိန်တစ်ခါမျှမတွေ့မြင်ဖူးခဲ့ချေ။ထိမ်းမြားလက်ထပ်ပြီးရ်ျအကြောင်း ပါသော်အချိန်မှသာဦးဖာမှာကျောက်ပေါက်များပါမှန်းသိရှိခဲ့ရခြင်းဖြစ်သည်။"မောင်ဖာမှာကျောက်ပေါက်ပါမှန်းအိမ်ထောင်ကျရမှသိရတာ ပါကွယ်"ဟုရယ်ရယ်မောမောဖြစ်တစ်ခါတရံရယ်စရာမောစရာအဖြစ်ပြောတတ်လေသည်။ဒေါ်စုသည်ဦးဖာနှင့်အကြောင်းဆက်ရ်ျပေါင်းဖက် ပြီနောက်ယောက္ခမအိမ်တွင်လိုက်ပါနေထိုင်စဉ်အတွင်း(၁၈၉၄)ခုနှစ်တွင်အကြီးဆုံးသမီးမခင်ညွှန့်ကိုဖွားမြင်ခဲ့သည်။(၁၈၉၅)ခုနှစ်တွင် ဒုတိယသမီးဖြစ်သူမ၀က်ကိုဖွားမြင်ခဲ့သည်။(၁၁၊၆၊၁၉၀၁)ခုနှစ်တွင်မောင်ဘ၀င်း(အာဇာနည်ခေါင်းဆောင်ဦးဘ၀င်း)ကိုဖွားမြင်ခဲ့သည်။ မောင်ဘ၀င်းနောက်စတုတ္ထကလေးမရွှေမှန်ကိုမွေးဖွားခဲ့သော်လည်းမရွှေမှန်မှာ(၁၃)နှစ်သမီးအရွယ်တွင်ကွယ်လွန်သွားခဲ့သည်။ထိုအချိန် ကဒ်ါစုသည်ယောက္ခမအိမ်တွင်လည်းမနေ၊မိဘများနှင့်လည်းမနေတော့ဘဲဒေါ်စုတို့၏မင်းဝိုင်းကြီးအတွင်းမှာပင်အိမ်တစ်စောင်သီးသန့် ဆောက်ကာနေထိုင်ခဲ့လေသည်။(၁၉၀၅)ခုနှစ်တွင်ပဉ္ဖမကလေးမောင်နေအောင်ကိုဖွားမြင်လေသည်။ထိုစဉ်ကဒေါ်စု၏တိုက်တွန်းချက်အ ရဦးဖာသည်လယ်သမားဘ၀ကိုစွန့်ရ်ျပျော်ဘွယ်မြို့တွင်ဥပဒေသင်တန်းသွားရောက်သင်ကြားခဲ့သည်။ဦးဖာသည်ဥပဒေသင်တန်းတတ် ရောက်ပြီးနောက်တတိယတန်းအမိန့်တော်ရစာမေးပွဲကိုဝင်ရောက်ဖြေဆိုရာနှစ်ချင်းပေါက်အောင်မြင်ခဲ့လေသည်။ထိုအချိန်မှစရ်ျဒေါ်စု သည်လယ်သမားမယားဘ၀မှအမိန့်တော်ရရှေ့နေကတော်ဘ၀သို့မမျှော်လင့်ဘဲရောက်ရှိခဲ့ရသည်။ဦးဖာရှေ့နေဖြစ်ပြီးမကြာမီမှာပင် ဆဌမကလေးဦးမောင်ညိုမောင်နှင့်ငယ်စဉ်ကပင်ကွယ်လွန်သွားခဲ့သောသတ္တမကလေးမောင်ထွန်းလင်းတို့ကိုတစ်နှစ်ခြားစီဖွားမြင်ခဲ့လေ သည်။(၂၀၊၈၊၁၉၁၀)ရက်တွင်အဌမကလေးမောင်အောင်သန်းကိုဖွားမြင်ရန်(၁၃၊၂၊၁၉၁၁)ရက်တွင်န၀မကလေးမောင်အောင်ဆန်း (ဗိုလ်ချူပ်အောင်ဆန်း)တို့ကိုဖွားမြင်ခဲ့သည်။ထို့ကြောင့်ဒေါ်စုသည်သားသမီး(၉)ဦးတိတိဖွားမြင်ခဲ့သည့်မိခင်တစ်ဦးဖြစ်သည်။ဒေါ်စုသည် အိမ်ထောင်ကျသည့်အချိန်မှစပြီးပင်ပန်းဆင်းရဲကြီးစွာဖြင့်လုပ်ကိုင်ရှာဖွေကာာအိမ်ထောင့်တာဝန်ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ ခင်ပွန်းသည်ဦးဖာကငယ်စဉ်ကမြင်းစီးအလွန်ဝါသနာပါရ်ျထိုစဉ်ကနတ်မောက်မြို့တွင်အလွန်ခေတ်စားခဲ့သောမြင်းပြိုင်ပွဲများတွင်ဝင် ရောက်ယှဉ်ပြိုင်စီးနေခြင်းဖြင့်သာအချိန်ဖြူန်းနေခဲ့သည်။ဒေါ်စုတစ်ဦးတည်းသာအိမ်ထောင့်တာဝန်ထမ်းကာသားသမီးများကိုရင်အုပ်မကွာ ကျွေးမွေးပြုစုခဲ့လေသည်။ဒေါ်စုသည်ငယ်စဉ်ကစရ်ျကွယ်လွန်ချိန်အထိရှေးဘုန်းကံပါရမီနှင့်ပြည့်စုံသည့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ သမီးအကြီးဆုံးမခင်ညွှန့်မှာဒေါ်စုနှင့်အလွန်တူသည်။မခင်ညွှန့်သည်အိမ်ထောင်သားမွေးအလုပ်ကိုစပ်ဆုပ်သည်။သို့အတွက်ကြောင့်ပင် သို့အတွက်ကြောင့်ပင်အသက်(၄၆)နှစ်အရွယ်အထိအိမ်ထောင်မပြုဘဲမိခင်ကြီးဒေါ်စုနှင့်အတူနေထိုင်ခဲ့သည်။ဒေါ်စုကရှေ့ရေးကိုမျှော်တွေး ကာသမီးကြီးမခင်ညွှန့်အားမြေစာရင်းအင်စပက်တော်ဦးသာရင်နှင့်လက်ထပ်ပေးခဲ့သည်။ဒုတိယသမီးမ၀က်ကတော့မိခင်ကြီးနှင့်ရာသက် ပန်မခွဲလိုသဖြင့်မိခင်ကြီးကတိုက်တွန်းသော်လည်းအပျိုကြီးဘ၀နှင့်နေထိုင်သွားခဲ့သည်။သားကြီးမောင်ဘ၀င်းကတော့ဒေါ်စုအားအလွန် ကြည်ညိုသည်။ရိုးသားဖြောင့်မတ်သူဖြစ်သည်။နတ်မောက်မြို့တွင်မြန်မာ(၉)တန်းအောင်ပြီးနောက်ရေနံချောင်းမြို့ကဘီအိုစီကုမ္မဏီတွင် စာရေးအလုပ်ကိုလုပ်ကိုင်ခဲ့သည်။သူရသောလစာကိုစုပြီးမိခင်ထောက်ပံ့သောငွေနှင့်ပူးပေါင်းကာတက္ကသိုလ်ဆက်တတ်ခဲ့သည်။ထိုသို့ ဖြင့်(၁၉၂၉)ခုနှစ်သင်္ချာဂုဏ်ထူးဖြင့်သိပွံဘွဲ့(B.Sc)အောင်မြင်ခဲ့သည်။ထို့နောက်ရေနံချောင်းမြို့တွင်ကျောင်းဆရာကြီးဖြစ်ခဲ့သည်။ဒေါ်စု သည်သားကြီးမောင်ဘ၀င်းကိုအား၎င်းသဘောကျသည့်တောင်တွင်းကြီးဇာတိဦးအံ့ကြီးနှင့်ဒေါ်ရွှေမေတို့၏သမီးမခင်စောနှင့်(၁၉၃၅)ခု တွင်ကိုယ်တိုင်စေ့စပ်ရ်ျတောင်းရမ်းလက်ထပ်ပေးခဲ့သည်။ဒေါ်စုသည်သား၊ချွေးမမခေင်စောမြေးများဖြစ်သောမတင်လှဝင်း၊မောင်စော ၀င်း၊မောင်အေးဝင်း၊ခင်မြ၀င်း၊မောင်စိန်ဝင်း၊ထွေးဝင်းတို့နှုင့်အတူဂျပန်ခေတ်တခေတ်လုံးအတူတကွနေထိုင်ခဲ့ရသဖြင့်စိတ်ကျေနပ်မူရခဲ့ သည်။ဒေါ်စု၏သားအလတ်ဖြစ်သူမောင်နေအောင်မှာ(၁၉၂၇)ခုနှစ်တွင်တတိယတန်းရှေ့နေစာမေးပွဲအောင်မြင်ပြီးနောက်နတ်မောက်မြို့ အနီးရှိဘုန်းတော်ပြည့်ရွာသူကြီး၏သမီးမခင်လေးနှင့်(၁၉၃၀)ပြည့်တွင်အမေစုကိုယ်တိုင်တောင်းရမ်းလက်ထပ်ပေးခဲ့သည်။မောင် နေအောင်သည်ဂျပန်ခေတ်တွင်တရားမမြို့အုပ်ခန့်ထားခြင်းခံရသည်။ဒေါ်စုသည်သားအားလုံးတွင်မောင်နေအောင်နှင့်အတူနေရသည်က ပိုများသဖြင့်မောင်နေအောင်အပေါ်သံယောဇဉ်ပိုကြီးခဲ့သည်။ဒေါ်စုသည်နို့ညှာသားဖြစ်သူမောင်အောင်သန်း(၁၉၊၁၁၊၁၉၃၁)ကိုလည်း ရန်ကုန်တက္ကသိုလ်တွင်(၁၉၃၄)တွင်ဝိဇ္ဖာ(B.A)ဘွဲ့ရ၇ှိပြီးနောက်နယ်ပိုင်ဝန်ထောက်ရာထူးရ၇ှိသည်အထိပညာသင်ကြားပေးခဲ့သည်။ဦး အောင်သန်းမှာတက္ကသိုလ်တတ်နေစဉ်ယစ်မျိုးဝန်ထောက်ဦးဘ၊ဒေါ်စံတို့၏တတိယသမီးမခင်နုနှင့်အကြောင်းဆက်ခဲ့သည်။မခင်နု၏ အမမခင်တုတ်မှာရဲဘော်သုံးကျိပ်ဝင်သခင်ထွန်းအုပ်ကလက်ထပ်ခဲ့သဖြင့်မောင်အောင်ဆန်းနှင့်သခင်ထွန်းအုပ်တို့သည်မယားညီအကို တော်ကြလေသည်။မခင်နုသည်ဒေါ်စုတို့နှင့်အမျိုးတော်သောတောင်တွင်းကြီးဇာတိဦးဘတင်၏သမီးဖြစ်သည့်အတိုင်ဒေါ်စုကသဘောကျ ကျေနပ်ကာအင်းစိန်မြို့သို့ကိုယ်တိုင်သွားရောက်စေ့စပ်တောင်းရမ်းပြီး(၇၊၁၁၊၁၉၃၆)ရက်တွက်ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ပေး ခဲ့လေသည်။ဦးအောင်သန်းသည်မခင်နုနှင့်သားသမီး(၅)ဦးစောလှအောင်သန်း၊မရီရီသန်း၊မတီတီအောင်သန်း၊မောင်ချိုအောင်သန်း၊မငယ် မမသန်းတို့ထွန်းကားခဲ့လေသည်။ဒေါ်စု၏သားအထွေးဆုံးနှင့်အလိုလိုက်ရဆုံးမောင်အောင်ဆန်းကိုကားနတ်မောက်မြို့ဘုန်းတော်ကြီး ကျောင်းဦးသောဘိတ၏အထက်တန်းကျောင်းတွင်(၇)တန်းအထပညာသင်ကြားပေးခဲ့ပြီးနောင်(၁၉၂၈)မှ(၁၉၃၂)ခုနှစ်အထိရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင်(၁၀)တန်းအောင်မြင်သည်အထိကျောင်းထားခဲ့သလိုရန်ကုန်တက္ကသိုလ်သို့ပို့ပြီး(၁၉၄၃၇)ခုနှစ် တွင်ဝိဇ္ဖဘွဲ့(B.A)ဘွဲ့အောင်မြင်သည်အထိပညာသင်ပေးခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းနှင့်မခင်ကြည်တို့မှာဂျပန်ခေတ်တွင်(၆၊၉၊၁၉၄၂) ရက်တွင်နှစ်ဦးသဘောတူချစ်ကြိုက်ရ်ျ BIA ပြည်သူ့ဆေးရုံကြီး(ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)တွင်လက်ထပ်ခဲ့ကြာရာဒေါ်စု မှာအခြားသားသမီးများကဲ့သို့ကိုယ်တိုင်ကိုယ်ကျတောင်းရမ်းလက်ထပ်မပေးခဲ့ရသော်လည်းဗိုလ်ချူပ်ရာထူးလက်ခံရရှိပြီးနော်မယားပြ အဖြစ်နှင့်နတ်မောက်မြို့သို့ဗိုလ်ချူပ်အောင်ဆန်းသွားရောက်လည်ပတ်စဉ်မခင်ကြည်အားခေါ်ဆောင်သွားခဲ့ရာချွေးမလေးမခင်ကြည်၏ ရိုသေကိုင်းရိုင်းမူ၊လိမ်မာရေးခြားရှိမူတို့ကိုသိမြင်ရသောအခါဒေါ်စုမှာသားအောင်ဆန်းနှင့်ချွေးမမခင်ကြည်ကလေးတို့အပေါ်တွင်တပြုံး ပြုံးနှင့်ကျေနပ်ဝမ်းသာမိရတော့သည်။ဒေါ်စုအသက်(၆၀)ပြည့်သောနှစ်တွင်ငယ်စဉ်တောင်ကျေးကစရ်ျပေါင်းသင်းခဲ့ရသောခင်ပွန်းသည် ဖြစ်သူဦးဖာ(၆၇)နှစ်မှလူကြီးရောဂါဖြင့်(၁၈.၅.၁၉၃၁)ရက်တွင်ကွယ်လွန်အနိစ္စရောက်သွားခဲ့ရကာဒေါ်စုမှာမုဆိုးမဘ၀ဖြင့်သားသမီးများ ကိုအုပ်ထိန်းစောင့်ရှောက်ခဲ့ရလေသည်။ထိုသည်ဒေါ်စု၏ပထမဆုံးအကြိမ်လောကဓံကိုခံစားခဲ့ရသမျှဖြစ်သည်။ဒေါ်စုသည်အသက်(၆၄) နှစ်အရွယ်တွင်လောကဓံဒဏ်၏ရိုက်ခတ်မူကိုဒုတိယအကြိမ်ခံစားရမူမှာအချစ်ဆူံးသမီးကြီးဖြစ်သူမခင်ညွှန့်(၁၉၄၆)ခုနှစ်တွင်မီယပ်ရောဂါ ဖြင့်ကွယ်လွန်သွားခဲ့ရာပထမဆုံးသားသမီးအပူကိုခံစားခဲ့ရသည်။ထို့နောက်ဒေါ်စုသည်(၁၉၊ရ၊၁၉၄ရ)ရက်တွင်သားနှစ်ဦးဝန်ကြီးဦးဘ၀င်း နှင့်ဗိုလ်ချူပ်အောင်ဆန်းတို့သည်မသမာသူတို့၏လက်ချက်ဖြင့်ကျဆုံးခဲ့ရသဖြင့်ပရိဒေ၀မီးကိုထပ်မံတောက်လောင်ခဲ့ရပြန်သည်။ထိုမှတစ် ဖန်ဒေါ်စုသည်သားနေအောင်၏သမီးမြင့်မြင့်ကလေးမှာငယ်စဉ်ကပင်ဒေါ်စုနှင့်လာရောက်နေထိုင်ခဲ့ရ်ျသားအချစ်မြေးအနှစ်ဆိုသည့်အတိုင်း မြေးကလေးကိုအလွန်အချစ်ပိုခဲ့သည်။သို့သော်မြင့်မြင့်ကလေးမှာနတိမောက်မြို့ဗိုလ်ချူပ်အထိမ်းအမှတ်နိုင်ငံတော်တန်းမြင့်ကျောင်းမှာ ဆဌမတန်းပညာသင်ကြားနေစဉ်အဖျားရောဂါဖြင့်ဒေါ်စုလက်ပေါ်တွင်ရုတ်တရက်အနိစ္စရောက်သွားလေရာဒေါ်စုမှာမြေးအပူနှင့်ကြုံတွေ့ ခဲ့ရပြန်လေသည်။ဒေါ်စုသည်လောကဓံတရားကိုအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသော်လည်းတုန်လူပ်ချောက်ခြားခြင်းမရှိဘဲရဲဝံ့စွာရင်ဆိုင်ကျော် လွှားရင်းနတ်မောက်မြို့ကိုရဲဘော်ဖြူများသိမ်းပိုက်ထားချိန်အသက်(၇၅)နှစ်အရွယ်(၃.၁၂.၁၉၅၁)ရက်တွင်ကွယ်လွန်အနိစ္စရောက်ခဲ့လေ သည်။ဒေါ်စု၏ဈာပနကို(၅)ရက်တိတိထားပြီးဈာပနကိစ္စအ၀၀ကိုဒေါ်စု၏မောင်ဖြစ်သူဘုန်းကြီးဦးသောဘိတကကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်မြို့တွင်ရှိသောဆွေမျိုးများကဗိုလ်ချူပ်အောင်ဆန်း၏မိခင်ဖြစ်သည့်အတွက်ဂုဏ်ဒြပ်နှင့်လိုက်လျောစွာမယ်တော်ပျံကဲ့သို့ ကြီးကျယ်ခမ်းနားစွားကျင်းပရန်စီစဉ်ခဲ့သော်လည်းခေတ်ကာလအခြေအနေအရအကျဉ်းချူံးကာကိစ္စပြီးအောင်ပြုလုပ်ရန်ဦးသောဘိတက ဆုံးမသဖြင့်အကျဉ်းရုံးပြီးကျင်းပြခဲ့ကြရလေသည်။ဒေါ်စု၏်အသက်၇၅)ပါးပင့်ဆောင့်ပြီးတတ္တုငွေ(၅)ကျပ်စီလှူဒါန်းပူဇော်ခဲ့ကြခြင်း ဖြစ်သည်။ တက္ကသိုလ်ဆုမြိုင်(အောင်သန်း၏အောင်ဆန်းစာအုပ်) စောသူရိန်ထွန်း By Wai Yan Min in ၅။ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (Files)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment